The network connection is lost.

Banner Image

အရက်မူးပြီးမောင်းခဲ့တယ်လို့ ယူဆရတဲ့ကားနဲ့ တိုက်မိပြီးနောက် ဆေးရုံရောက်သွားတဲ့ မာလာစီယာ

မာလာစီယာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်တွင် တစ်ကြိမ်မျှ မကစားခဲ့ရသော်လည်း ရာသီကြိုလေ့ကျင့်မှုတွင် ပြန်လည်ပါဝင်ခဲ့ပါတယ်။

The Sun ရဲ့ဖော်ပြချက်တွင် မာလာစီယာဟာ အရက်သောက်ပြီးမောင်းလာသူရဲ့ ကားနှင့်တိုက်မိပြီး ဆေးရုံသို့ပို့ဆောင်ရန် လိုအပ်ခဲ့ကြောင်း သိရပါတယ်။မာလာစီယာကို သူ့ရဲ့သူငယ်ချင်းတစ်ဦးက ရက်ရှ်ဖို့ဒ်ရဲ့ Range Rover ကားကို မောင်းနှင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ကတော့ သူ့ကိုယ်ပိုင်ကားဖြင့် နောက်ကနေ လိုက်လာခဲ့တာဖြစ်ပါတယ်။နယ်သာလန်နိုင်ငံသားကို ဇူလိုင် ၁၆ ရက်က အနက်ရောင် Mercedes C220 AMG က ဝင်တိုက်ခဲ့ပြီး အမျိုးသမီးယာဉ်မောင်းကတော့ အရက်သောက်ပြီး မောင်းနှင်မှုသံသယဖြင့် ဖမ်းဆီးကာ မက်လက်စ်ဖီးလ် ဆေးရုံသို့ စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့ပါတယ်။

မာလာစီယာနှင့် သူ့ရဲ့သူငယ်ချင်းကိုလည်း ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အားလုံးကို ရှင်းလင်းပေးခဲ့ပါတယ်။မာလာစီယာနှင့် ရက်ရှ်ဖို့ဒ်တို့ နှစ်ဦးစလုံးဟာ နောက်တစ်နေ့တွင် လေ့ကျင့်ခန်းဆင်းရန် သတင်းပို့မှု လုပ်ခဲ့ပါတယ်။

SPORTbible ကတော့ မှတ်ချက်ပေးရန်အတွက် ယူနိုက်တက်ထံ ဆက်သွယ်ခဲ့ပါတယ်။ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဂါရတ်ဆောက်ဂိတ်ရဲ့ချန်လှပ်ခြင်းခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ရာသီကြိုပြင်ဆင်မှုများ ဆက်လက်ပြုလုပ်ရန် ယူနိုက်တက်နှင့်အတူ ယခုအခါ အမေရိကန်သို့ ရောက်ရှိနေသော်လည်း မာလာစီယာကတော့ တစ်ဦးချင်းကြံ့ခိုင်မှုအစီအစဉ်ဖြင့်သာ မန်ချက်စတာတွင် ဆက်လက်ရှိနေခဲ့ပါတယ်။

ဖီယင်နု နောက်ခံလူဟောင်းဟာ ပြီးခဲ့တဲ့ နွေရာသီကဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီက လေ့ကျင့်မှုပင် မရှိခဲ့ကြောင်း မကြာသေးမီက တန်ဟက်က ဝန်ခံခဲ့ပါတယ်။တန်ဟက်က "မာလာစီယာဟာ တစ်ရာသီလုံး မကစားရသေးပါဘူး။ လေ့ကျင့်ရေးကွင်းမှာ တစ်ကြိမ်တောင် မရောက်ဖူးသေးပါဘူး"

"ပြီးခဲ့တဲ့ရာသီအစမှာ မာလာစီယာကို လုခ်ရှောရဲ့ အရန်ကစားသမားအဖြစ် ခေါ်ယူခဲ့တယ်။ အဲဒီရွေးချယ်မှုနှစ်ခုက ကျွန်တော်တို့ကို အများကြီး ယူဆောင်လာပေးခဲ့တယ်""မာလာစီယာအတွက် အစီစဉ်က အရမ်းကောင်းတယ်ပြီးတော့ ပြီးခဲ့တဲ့ရာသီက ကောင်းကောင်းလုပ်ခဲ့ပေမယ့် မကစားခဲ့ရပါဘူး"

"ဒီရာသီက ကျွန်တော့်အတွက် အခက်ခဲဆုံးရာသီပါ။ အသင်းရှိရှိလူတိုင်းက ဒီရာသီမှာ ကလပ်ဆရာဝန်နှင့် အဆက်အသွယ်အများဆုံးရှိခဲ့ကြပါတယ်" လို့ ပြောပါတယ်။