The network connection is lost.

Banner Image

ဥရောပနဲ့ တောင်အမေရိကအကြား ဘောလုံးအဆင့်အတန်းနဲ့ပတ်သက်လို့ အငြင်းပွားဖွယ်မှတ်ချက်တစ်ခု ပြုလုပ်ခဲ့တဲ့ မက်အယ်လစ္စတာ

လီဗာပူးနဲ့ အာဂျင်တီးနားကြယ်ပွင့် မက်အယ်လစ္စတာက ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ဥရောပအခြေစိုက်ကလပ်အသင်းတွေနဲ့ယှဉ်ပြိုင်ဖို့ တောင်အမေရိကအခြေစိုက်ကလပ်အသင်းတွေမှာ အခွင့်အလမ်းဘယ်လောက်အထိ ရှိနေသလဲဆိုတာ ခွဲခြားစိတ်ဖြာလေ့လာသုံးသပ်ခဲ့ပါတယ်။ သူက ESPN ရဲ့ရုပ်သံအစီအစဉ်တစ်ခုမှာ အခုလိုအငြင်းပွားဖွယ်မှတ်ချက်ပြုမှုတစ်ခုကို ပြုလုပ်သွားခဲ့တာပါ။

မက်အယ်လစ္စတာက “ ကျွန်တော့်အမြင်အရ တစ်ပွဲ၊ နှစ်ပွဲလောက်တော့ တောင်အမေရိကကလပ်အသင်းတွေ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနေ့လို ရေရှည်ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမျိုးမှာ ဥရောပကလပ်အသင်းတွေနဲ့ရင်ဆိုင်ဖို့ တောင်အမေရိကကလပ်အသင်းတွေအတွက် အခွင့်အလမ်း မရှိသေးပါဘူး။ တောင်အမေရိကကလပ်အသင်းတွေက ပွဲစဉ်တွေကို စိတ်ခွန်အား၊ စိတ်အားထက်သန်မှု၊ အင်တိုက်အားတိုက်ကစားနိုင်မှုနဲ့အတူ စတင်လာလေ့ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီအချက်တွေလောက်နဲ့ နိုင်ပွဲကို မဖန်တီးနိုင်ပါဘူး”လို့ ရှင်းပြပါတယ်။

အာဂျင်တီးနို့စ်ဂျူနီယာ၊ ဘိုကာဂျူနီယာတို့နဲ့အတူ ကစားသမားဘဝကို စတင်လာခဲ့ပြီးနောက် အခုလက်ရှိ ပရီးမီးယားလိဂ်မှာရှင်သန်နေတဲ့ မက်အယ်လစ္စတာက ဘောလုံးနယ်ပယ်နှစ်ရပ်လုံးမှာ အတွေ့အကြုံတွေ ရရှိခဲ့ပြီး တောင်အမေရိကကလပ်အသင်းတွေရဲ့စိတ်အားထက်သန်မှုနဲ့ ဘောလုံးအပေါ်ထားရှိတဲ့ စိတ်နှလုံးသားကို ရှင်းပြသွားပါတယ်။ ဒါပေမဲ့ သူက နည်းဗျူဟာပိုင်းအရည်အသွေးအပြင် အခြားကွဲပြားခြားနားမှုတွေကို အဓိကအချက်အဖြစ် မီးမောင်းထိုးကာ အလေးပေးပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားသားရဲ့မှတ်ချက်ပြုမှုနဲ့ပတ်သက်ပြီး အမျိုးမျိုးသောတုံ့ပြန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အချို့တောင်အမေရိကပရိသတ်တွေကတော့ သူတို့အသင်းတွေရဲ့စိတ်ဓါတ်ကြံ့ခိုင်မှု၊ သမိုင်းကြောင်းတွေနဲ့ ခုခံသွားသလို အချို့ကလည်း ဥရောပကလပ်အသင်းတွေနဲ့မတူညီတဲ့ သူတို့အသင်းတွေရဲ့ ဘဏ္ဍာရေးနဲ့ စုဖွဲ့မှုဆိုင်ရာကွာဟချက်ကို အသိအမှတ်ပြုခဲ့ကြပါတယ်။