နေမာနေရာအတွက် လီဗာပူးစတားကို ချိတ်ဆက်နေတဲ့ အယ်လ်-ဟီလယ်
သတင်းတွေအရ အယ်လ်-ဟီလယ်အသင်းဟာ နေမာနေရာအတွက် လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ကနဦးပေါင်သန်း ၇၀ နဲ့ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ဒါပေမယ့် အဆိုပါကမ်းလှမ်းမှုကို လီဗာပူးဘက်က ပယ်ချခဲ့တယ်လို့ သိရပြီး ပေါင် ၈၅ သန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။
နောက်ဆုံးသတင်းတွေအရ လီဗာပူးအသင်းဘက်က ဒါဝင်အတွက် ပေါင် ၇၅ သန်းရမယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရပါတယ်။ နူနက်ဇ်ဟာ စလော့တ်လက်အောက်မှာ နေရာရဖို့ရုန်းကန်နေရပြီး ဒီရာသီအသင်းအတွက်ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ၄ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ ဂျိုတာဒဏ်ရာရနေပေမယ့် သူ့နေရာကို ဒီယက်ဇ်က အစားဝင်နေပြီး လီဗာပူးအသင်းတိုက်စစ်မှာ ဆာလက် ၊ ဂတ်ပိုတို့နဲ့ အတွဲညီနေတာဖြစ်ပါတယ်။
အယ်လ်-ဟီလယ်အသင်းဟာ အခုဆောင်းဈေးကွက်မှာ ဥရုဂွေးသားကို ချိတ်ဆက်နေပြီး နေမာနေရာအတွက် အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ အယ်လ်နာဆာအသင်းကလည်း အန်ဒါဆန်ထွက်ခွာမယ့်အနေအထားမှာ ဒါဝင်ကို မျက်စိကျနေပါတယ်။ လီဗာပူးအသင်းဟာ အခုညမှာ နော်တင်ဟမ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဝင်တစ်ယောက် အရန်အဖြစ်သာ ပါဝင်လာဖွယ်ရှိနေပါတယ်။