လီဗာပူးက အနားပေးဖို့ တောင်းဆိုထားပေမယ့် မိုဆာလက်ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ထားတဲ့ အီဂျစ် | Ballonestar


The network connection is lost.

Banner Image

လီဗာပူးက အနားပေးဖို့ တောင်းဆိုထားပေမယ့် မိုဆာလက်ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ထားတဲ့ အီဂျစ်

အီဂျစ်အသင်းဟာ လီဗာပူးက အနားပေးထားဖို့ တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူးမိုဆာလက်ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

၃၁နှစ်သားဟာ တံကောက်ကြောဒဏ်ရာကြောင့် မနေ့ညက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

မိုဆာလက်ဟာ ဇန်နဝါရီလအအတွင်းက အာဖရိကဖလားပွဲစဉ်မှာ ဒဏ်ရာရခဲ့ပေမယ့် ပြီးခဲ့တဲ့လ ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရတဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

 

ဒါပေမယ့် အီဂျစ်သားရဲ့ ဒဏ်ရာဟောင်းက ပြန်ပေါ်လာခဲ့တာကြောင့် လီဗာပူးရဲ့ နောက်ဆုံး၄ပွဲကို လွဲချော်ခဲ့ပါတယ်။

ပြီခဲ့တဲ့သောကြာနေ့အတွင်း ကလော့ပ်က ဆာလက်ဟာ လာမယ့်အပတ်အတွင်း လေ့ကျင့်ခန်းပြုလုပ်နိုင်မှာဖြစ်ပြီး မန်စီးတီးနဲ့ပွဲစဉ်မှာ ပါဝင်လာနိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။

 

လီဗာပူးအသင်းဟာ ဖလားလေးလုံးလမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဒဏ်ရာဆက်တိုက်ရနေတဲ့ ဆာလက်ကို အနားပေးဖို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာတော့ "လာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ ဆာလက်ကို အနားပေးဖို့ လီဗာပူးထံကနေ တောင်းဆိုထားတဲ့ စာတစ်စောင်ရရှိထးပါတယ်။

 

ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ မိုဆာလက်ကို ရွေးချယ်ဖို့အတွက် အသိပေးစာပေးပို့ထားခဲ့ပါတယ်။ နိုင်ငံအသင်းအတွက်ဆိုရင် ဘယ်ပရိုကစားသမားကိုမဆို ခေါ်ယူပိုင်ခွင့်ရှိပြီး သူ့ကို ဆက်ထားမထားဆိုတာကတော့ ဟူဆန်ဟက်ဆန် ဦးဆောင်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ပဲ သက်ဆိုင်ပါတယ်။

 

ဆာလက် လေ့ကျင့်ခန်းအစီအစဉ်မလာခင် ပြန်ကစားနိုင်မလားဆိုတာ ဆုံးဖြတ်ဖို့ စောပါသေးတယ်။ သူ့ကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှ အီဂျစ်လက်ရွေးစင်အသင်းရဲ့ ဆေးအဖွဲ့တွေက သူ အသင့်ဖြစ်၊ မဖြစ် ဆုံးဖြတ်ပေးပါလိမ့်မယ်"လို့ ဆိုပါတယ်။

အီဂျစ်အသင်းဟာ မတ်လ ၂၂ရက်နေ့ကနေ ၂၆ရက်နေ့အတွင်း တူနီးရှား၊ ခရိုးအေးရှား၊ နယူးဇီလန်တို့ပါဝင်တဲ့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုကို ယူအေအီးမှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။