The network connection is lost.

Banner Image

ဂါဘရီရယ်ဟိန့်ဇ်ကို အာတီတာရဲ့ လက်ထောက်နည်းပြအဖြစ် ခေါ်ယူလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဂါဘရီရယ်ဟိန့်ဇ်ကို မီကယ်အာတီတာရဲ့ နည်းပြအဖွဲ့မှာ ပါဝင်ဖို့ ခန့်အပ်လိုက်ပါတယ်။ 
ဟိန့်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားသမားဘဝကစားခဲ့ဖူးသူဖြစ်ပြီး အီတလီကလပ် ပါမားအသင်းကို နည်းပြအဖြစ်ပြောင်းရွှေ့သွားတဲ့ ကာလို့စ်ကူယက်စ်တာရဲ့ နေရာမှာ တာဝန်ယူမှာဖြစ်ပါတယ်။
ဟိန့်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူပြီး နည်းပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ Godoy Cruz, Argentinos Juniors နဲ့ Velez Sarsfield အသင်းတွေမှာ တာဝန်ယူခဲ့ပြီး အမေရိကန်ကလပ် အတ္တလန္တာယူနိုက်တက်မှာလည်း ခေတ္တတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဟိန့်ဇ်နောက်ဆုံးတာဝန်ကတော့ ကစားသမားဘဝစတင်ခဲ့တဲ့ Newell’s Old Boys အသင်းမှာဖြစ်ပါတယ်။
ကစားသမားဘဝတုန်းက ဟိန့်ဇ်ဟာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ မာဆေးလ်အသင်းတို့နဲ့အတူ လိဂ်ဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။ 
၂၀၀၄ အိုလံပစ်မှာ အာဂျင်တီးနားအသင်းနဲ့အတူ ရွှေတံဆိပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ 
အာဂျင်တီးနားအသင်းအတွက် ၇၂ ပွဲကစားခဲ့ပြီး ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖိုင်နယ်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာတော့ ဟိန့်ဇ်ဟာ အယ်လ်ဘတ်စတီဗန်ဘာ့ဂ်၊ နီကို ဂျိုဗာနဲ့ အီနာကီကာနာတို့လို နည်းပြတွေနဲ့အတူ လက်တွဲသွားမှာဖြစ်ပါတယ်။