The network connection is lost.

Banner Image

ဖလော်ရီယန်ဝစ်ဇ်ရဲ့အပြောင်းအရွှေ့နောက်ဆုံးအခြေအနေကို ထုတ်ပြောပြလာတဲ့ ဂျာမနီအသင်းအားကစားဒါရိုက်တာ

ဂျာမနီအသင်းအားကစားဒါရိုက်တာရူဒီဗိုလာရဲ့အဆိုအရ ဖလော်ရီယန်ဝစ်ဇ်အနေဖြင့် လီဗာပူးအသင်းနဲ့ ချိတ်ဆက်နိုင်ဖို့ လိုလားနေပေမယ့် ကစားသမားရဲ့အပြောင်းအရွှေ့က အချိန်အနည်းငယ်ကြာမြင့်ဦးမယ်လို့ သိရပါတယ်။ အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်ခဲ့တဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမား အတွက် လေဗာကူဆင်နဲ့သဘောတူညီမှုတစ်ခုရရှိအောင် လီဗာပူးတို့ မစွမ်းဆောင်နိုင်သေးပါဘူး။

လေဗာကူဆင်အသင်းဘက်က ကစားသမားအတွက် ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ ပေါင် ၁၀၉ သန်းတန် ကမ်းလှမ်းမှုတစ်ခုကို ပယ်ချခဲ့ပြီး ပေါင်သန်း ၁၂၀ ထက်မနည်းရရှိဖို့ လိုလားနေပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ကိုခေါ်ယူနိုင်ရေး ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ကလည်း အပြင်းအထန်စိတ်ဝင်စားနေပေမယ့် ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)အတွက် အလုပ်လုပ်ပေးနေတဲ့ ဗိုလာကတော့ ကစားသမားဟာ အန်းစလော့ရဲ့အသင်းဆီသာ ပြောင်းရွှေ့ဖို့ လိုလားနေတယ်လို့ ရှင်းပြခဲ့ပါတယ်။

လေဗာကူဆင်အသင်းရဲ့အားကစားဒါရိုက်တာအဖြစ် သက်တမ်းနှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ဖူးတဲ့ ဗိုလာက “ လီဗာပူးအသင်းဆီ ဖလော်ရီယန်ဝစ်ဇ် သွားချင်နေတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ကလပ်အသင်းအချင်းချင်း ညှိနှိုင်းနေတယ်လို့ပဲ ကျွန်တော် သိထားပါတယ်။ ဒါမျိုးကိစ္စတွေက နောက်ဆုံးအဆင့်သဘောတူညီမှုတစ်ခုမရခင်အချိန်အထိ အနည်းငယ်ကြာမြင့်လေ့ရှိပါတယ်။

အမှန်ပါပဲ၊ အဆုံးမှာတော့ သဘောတူညီမှုတစ်ခုရရှိလိမ့်မယ်ဆိုတဲ့ ခံစားမျိုးလည်း ရှိပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ကလည်း သူဟာ လေဗာကူဆင်အတွက်သာမက ဂျာမနီလက်ရွေးစင်အသင်းအတွက်ပါ အလွန်တန်ဖိုးရှိတဲ့ကစားသမားတစ်ဦးဆိုတာ သက်သေပြပြီးပါပြီ။ ဒါကြောင့်ပဲ သူ့အတွက်ဆိုရင် ယူရိုငွေ အနည်းငယ်ပိုသုံးစွဲရပါလိမ့်မယ်”လို့ ပြောပါတယ်။