The network connection is lost.

Banner Image

ပဲလေ့စ်စတားကို ခေါ်ယူဖို့ ဘိုင်ယန်နဲ့အားပြိုင်ရဖွယ်ရှိနေတဲ့ လီဗာပူး

သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေမှာ ပဲလေ့စ်နောက်ခံလူ ဂူဟီကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးအနေနဲ့ အပြိုင်ခေါ်ယူရဖွယ်ရှိနေပါတယ်။

ဂူဟီဟာ အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက လီဗာပူးအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးအခိုက်အတန့်မှာ လန်ဒန်ကလပ်ဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ လီဗာပူးအသင်းနဲ့အတူ ဆေးစစ်မှုခံယူဖို့ ပြင်ဆင်နေပြီဖြစ်ကာ ပဲလေ့စ်နည်းပြ ဂလက်စ်နာ နဲ့ အသင်းပိုင်ရှင် ပါရစ်ရှ်တို့ အကြိတ်အနယ်ဆွေးနွေးခဲ့ရသေးတာဖြစ်ပါတယ်။

အသက် ၅၁ နှစ်သားနည်းပြက ဂူဟီကို အသင်းမှာဆက်ထိန်းထားချင်နေပြီး အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အစားထိုးမယ့်ကစားသမားမရှိတာကြောင့် သဘောမတူခဲ့တာဖြစ်ပါတယ်။
ဂူဟီ နဲ့ ပဲလေ့စ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၅ - ၂၆ ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီမှာ ပြည်ပကလပ်အသင်းတစ်ခုနဲ့ အကြိုသဘောတူညီမှုရယူထားနိုင်တာဖြစ်ပါတယ်။
ဂျာမန်သတင်းထောက် ခရစ္စတီယန်ဖော့ခ်ကတော့ ဘိုင်ယန်ဟာ ချဲလ်ဆီးစတားဟောင်းကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

“နောက်တန်းမှာ ဂူဟီလိုကစားသမားမျိုးဆိုရင် အသင်းတိုင်းက စိတ်ဝင်စားကြမှာပါ။ ဒါပေမယ့် ဒီနွေမှာခေါ်ယူမယ်ဆိုရင် သူ့အတွက်အများကြီးကုန်ကျနိုင်ပါတယ်။ အပြောင်းအရွှေ့ပိတ်သွားချိန်မှာ ဘိုင်ယန်က ခံစစ်ပေါ်မူတည်ပြီးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ တကယ်လို့ သူတို့စောင့်ကြည့်လို့အဆင်ပြေရင် ဒါမှမဟုတ် ကင်မင်ဂျေးကိုရောင်းထုတ်ခဲ့မယ်ဆိုရင် ဂူဟီနဲ့အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်စတား လူကီဘာကိုလည်း ပစ်မှတ်ထဲထည့်ထားပါတယ်”လို့ ဖော့ခ်က ပြောကြားခဲ့ပါတယ်။

ဂူဟီကတော့ အင်္ဂလန်အသင်းမှာပါခြေစွမ်းပြနေပြီး ဆားဘီးယားကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံးစီနီယာဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူး နဲ့ ဘိုင်ယန်တို့ဟာ သက်ဆိုင်ရာလိဂ်တွေမှာ အသီးသီးကန်ရမှာဖြစ်ပြီး လီဗာပူးက ဘန်လေ ၊ ဘိုင်ယန်က ဟမ်းဘာ့ဂျ်နဲ့ကန်ရမှာဖြစ်ပါတယ်။