The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ပိုလန်ရဲ့ယူရိုအဖွင့်ပွဲစဉ်ကို လွဲချော်သွားမယ့် လီဝန်ဒေါစကီး

ပိုလန်စူပါစတားတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ ဒဏ်ရာပြဿနာကြောင့် နယ်သာလန်နဲ့ ကစားရမယ့် အသင်းရဲ့ပထမဆုံးယူရိုပွဲစဉ်ကို လွဲချော်သွားမယ်လို့သိရပါတယ်။ 
 
ဘာစီလိုနာတိုက်စစ်မှူးဟာ တူရကီနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် စောစောစီးစီးလူစားလဲခံခဲ့ရသော်လည်း နောက်ပိုင်းမှာတော့အသင်းနည်းပြက ကစားသမားရဲ့ဒဏ်ရာဟာ စိုးရိမ်စရာမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ပြောထားသလိုဖြစ်မလာဘဲ အသင်းခေါင်းဆောင်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် နယ်သာလန်နဲ့ပွဲစဉ်ကိုလွဲ ချော်သွားမယ့်အပြင် ဒုတိယပွဲစဉ်ဖြစ်တဲ့ ဩစတြီးယားနဲ့ပွဲစဉ်မှာပါဝင်နိုင်ဖို့ပင် ကြံ့ခိုင်မှုူအသည်းအသန်တည်ဆောက်နေရပြီဖြစ်ပါတယ်။
 
တိုက်စစ်မှူးရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အသင်းရဲ့ဆရာဝန်ဂျာရိုဇီးစ်က “ရောဘတ်လီဝန်ဒေါစကီးက ကြွက်သားစုတ်ပြဲတဲ့ဒဏ်ရာနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပြင်းထန်တာကြောင့် ပထမဆုံးပွဲကစားမယ့် လူစာရင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဩစတြီးယားနဲ့ကစားမယ့် ဒုတိယပွဲအတွက် တတ်နိုင်သလောက် ကြံ့ခိုင်မှုတည်ဆောက်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
 
အခုလို လီဝန်ဒေါစကီးဒဏ်ရာ ရသွားတာက ပိုလန်အသင်းအတွက်သာမက ကစားသမားအတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။ ယခုနှစ်ယူရိုပြိုင်ပွဲဟာ အသက်-၃၅ နှစ်အရွယ် လီဝန်ဒေါစကီးအတွက် လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်ချေရှိတာကြောင့် ကစားသမားအနေနဲ့ အသင်းအတွက် တတ်နိုင်သလောက်ပါဝင်ခွင့်ရသွားဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။