
ဘာစီလိုနာနဲ့စာချုပ်သက်တမ်းတိုးမယ့် လီဝန်ဒေါစကီး
စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးတစ်ယောက် အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ်လို့ သိရပါတယ်။ လီဝန်ဒေါစကီးဟာ ၂၀၂၂ ဘိုင်ယန်ကနေပြောင်းလာပြီးကတည်းက စာချုပ်ထဲမှာ ၂၀၂၄ - ၂၅ ရာသီအကုန်မှာ ပွဲထွက်ခွင့်ရဲ့ ၅၅% မပြည့်ခဲ့ရင် စာချုပ်ဖျက်သိမ်းနိုင်တယ်ဆိုတဲ့အချက်ထည့်သွင်းခဲ့ပါတယ်။
ဒါပေမယ့် အသက် ၃၆ နှစ်သားဟာ ဖလစ်ရဲ့အသင်းမှာ ပုံမှန်ပါဝင်ခွင့်ရနေတာကြောင့် လက်စ်ပါးမက်စ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ၂၀၂၆ အထိစာချုပ်သက်တမ်းတိုးနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပိုလန်သားအနေနဲ့ စာချုပ်သက်တမ်းတိုးဖွယ်ရှိနေပြီး ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ ဘာစီလိုနာကိုပြောင်းလာပြီးကတည်းက လီဝန်ဒေါစကီးဟာ အသင်းအတွက် ၁၃၀ ပွဲမှာ ၉၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
ဒေါ့မွန်စတားဟောင်းဟာ အခုရာသီမှာလည်း ၂၀၂၂ - ၂၃ ရာသီတုန်းက ၃၃ ဂိုးစံချိန်ကို လိုက်မီနိုင်ဖို့ ၁ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။ လာမယ့်အင်္ဂါနေ့မှာကန်မယ့် တီကိုနဲ့ ကိုပါဒယ်ရေးပထမအကျော့ပွဲမှာလည်း လီဝန်ဒေါစကီးအနေနဲ့ ဘာစီလိုနာအတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။