The network connection is lost.

Banner Image

မာရက်စကာရဲ့နေရာမှာ အစားထိုးဖို့ နစ္စတယ်ရွိုင်းကို စိတ်ဝင်စားနေတဲ့ လက်စတာစီးတီး

လက်စတာစီးတီးက အသင်းမှထွက်ခွာသွားတဲ့ အန်ဇိုမာရက်စကာရဲ့နေရာမှာ အစားထိုးဖို့ ရုဒ်ဗန်နစ္စတယ်ရွိုင်းကိုလည်း ရွေးချယ်စရာအဖြစ် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နစ္စတယ်ရွိုင်းက ၂၀၂၂-၂၀၃ ဘောလုံးရာသီမှာ ပီအက်စ်ဗွီအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ဒတ်ချ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲအောင် လမ်းပြပေးခဲ့ပါတယ်။ ဒါပေမယ့် သူက အသင်းကို နယ်သာလန် လိဂ်အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပြီး ရာသီမကုန်ခင်တစ်ပွဲအလိုမှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။

Mail Sport ရဲ့သီးသန့်တင်ဆက်မှုတွေအရ မာရက်စကာက သူ့ရဲ့နည်းပြအဖွဲ့ဝင်ရှစ်ဦးနဲ့ အတူ ချယ်လ်ဆီးမှာ ပိုချက်တီနိုရဲ့နေရာဆက်ခံဖို့ အတော်နီးစပ်နေပြီလို့ သိရပါတယ်။ လက်စတာက မာရက်စကာရဲ့လက်အောက်မှာ ရမှတ် ၉၇ မှတ်ဖြင့် အခုရာသီ၊ ချန်ပီယံရှစ်ချန်ပီယံဆုဖလား သိမ်းပိုက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဆီ ချက်ချင်းဆိုသလို တန်းတက်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယံသတင်းထောက် တာဗိုလိုင်ယာရီက လတ်တလော King Power ကွင်းကြီးမှာ ရာထူးနေရာဆက်ခံဖို့ ယူနိုက်တက်ဂန္တဝင်နစ္စတယ်ရွိုင်း အလေးသာနေတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။ နစ္စတယ်ရွိုင်းမှာ ပီအက်စ်ဗွီစီနီယာအသင်းအပြင် ပီအက်စ်ဗွီအရန်အသင်းနဲ့ ယူ-၁၉ အသင်းတွေမှာလည်း နည်းပြတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်လက်ရွေးစင်အသင်း လက်ထောက်နည်းပြ အဖြစ် နှစ်ကြိမ်တိုင် တာဝန်ယူခဲ့ဖူးပါတယ်။

အိုးထရက်ဖို့ဒ်မှာ ငါးရာသီကစားကာ ဂိုး ၁၅၀ သွင်းယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုတစ်ကြိမ် ရရှိခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းက အင်္ဂလန်မှာ နည်းပြလုပ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ယခင်တုန်းကလည်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

စပိန်အခြေစိုက် Diario AS သတင်းဌာနနဲ့တွေ့ဆုံချိန် နစ္စတယ်ရွိုင်းက “ကျွန်တော် စပိန်မှာ တကယ်အလုပ်လုပ်ချင်ပါတယ်။ စပိန်ကလပ်တွေနဲ့လည်း စကားပြောဆိုဖူးပါတယ်။ ကျွန်တော်ကစားဖူးတဲ့ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်စ်လီဂါတို့လို အခြားလိဂ်တွေမှာလည်း နည်းပြလုပ်ချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။