The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲက ရီးရဲလ်အသင်းရဲ့စိတ်ပိုင်းဆိုင်ရာကို သဘောမကျဖြစ်ခဲ့တဲ့ တိုနီခရူးစ်

ရီးရဲလ်ကွင်းလယ်လူဟောင်း တိုနီခရူးစ်တစ်ယောက် အာဆင်နယ်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းဟောင်းရဲ့စိတ်ပိုင်းဆိုင်ရာကို သဘောမကျဖြစ်နေပါတယ်။ လန်ဒန်မြေမှာ ဆိုးဝါးတဲ့စွမ်းဆောင်ရည်တစ်ရပ်ကိုသာပြသနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ပိုမိုသိသာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အင်တာဗျူးတစ်ခုမှာ တိုနီက အသင်းဟောင်းရဲ့စွမ်းဆောင်ရည်ကို သဘောမကျဖြစ်ခဲ့သလို သူ့အမြင်မှာလည်း ဂိုးပေးရပြီးနောက် အန်ဆယ်လော့တီရဲ့အသင်းအနေနဲ့ မတုံ့ပြန်နိုင်တာကို စိုးရိမ်နေပါတယ်။ 

“၂-၀ ဖြစ်နေချိန်မှာ အရာအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော့်အတွေ့အကြုံအရ ရီးရဲလ်အသင်းပွဲတစ်ပွဲအရေးနိမ့်နေချိန်မှာ ဂိုးတစ်ဂိုးလောက်တော့ ပြန်ရနိုင်တယ်လို့ တွေးမိခဲ့ပါတယ်။  ဂိုးတိုင်းလွဲချော်ခဲ့ပြီးနောက်မှာတော့ မဖြစ်နိုင်ဘူးဆိုတာကို သိခဲ့ရပါတယ်။ ဂိုးတွေက အရေးပါပါတယ်။ ဒါပေမယ့် သူတို့ကိုမြင်ရတာ ၄ ဂိုးမြောက်မပေးရပါစေနဲ့ ပြောနေသလိုပါပဲ။ ဒုတိယအကျော့မှာ အသင်းအနေနဲ့ အကောင်းဆုံးပေးဆပ်ကစားရပါမယ်။ ဘာနေဗျူးပရိသတ်တွေရှိနေမှာပါ။ ကျွန်တော်တို့ မရပ်မနားဖိအားပေးနိုင်ဖို့ လိုအပ်ပါတယ်”လို့ ခရူးစ်က ပြောကြားခဲ့ပါတယ်။

လာမယ့်ဒုတိယအကျော့မှာ ရီးရဲလ် နဲ့ အန်ဆယ်လော့တီအနေနဲ့ ကြီးမားတဲ့အလုပ်တစ်ခုကိုလုပ်ဆောင်ရမှာဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်ရတော့မှာဖြစ်ပါတယ်။