The network connection is lost.

Banner Image

ခြေစွမ်းပြသနေတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်

အခုနိုင်ငံတကာသီတင်းပတ်ကာလအတွင်း အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသခဲ့သူတွေအနက် ဘယ်လင်ဟမ်လည်း ပါဝင်ပြီး ခရိုအေးရှားကို ခုနစ်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာလည်း နောက်တစ်ကြိမ် ထပ်မံတောက်ပခဲ့ပါတယ်။

ဒါက နည်းပြမော်ရင်ဟိုရဲ့ဦးဆောင်မှုအောက်၊ ပိုမိုတက်ကြွလန်းဆန်းလာခဲ့ပုံရတဲ့ ဒီအင်္ဂလန်ကစားသမားရဲ့ ရီးရဲလ်မက်ဒရစ်မှာပြသထားတဲ့ ခြေစွမ်းကောင်းတွေကို ဆက်လလက်ထိန်းသိမ်းထားနိုင်မှု ဖြစ်ပါတယ်။

ဘောလုံးပရိသတ်အများစုကလည်း ဘယ်လင်ဟမ်မှာ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ပွဲဦးထွက်ဘောလုံးရာသီခြေစွမ်းမျိုး ပြန်လည်ရရှိနေပြီလို့ ယုံကြည်နေပါတယ်။ အခုတော့ အင်္ဂလန်ကြယ်ပွင့်အတွက် တိုနီခရူးစ်ရဲ့အသိအမှတ်ပြုထောက်ခံမှု ထွက်ပေါ်လာပါပြီ။

တိုနီခရူးစ်ရဲ့ 'Kroos & Kroos' အစီအစဉ်မှာ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းက သူ့ရဲ့ အသင်းဖော်ဟောင်းကို အားပါးတရချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

"ကျွန်တော့်အတွက်တော့ ဘယ်လင်ဂမ်ဆိုတာ ပြီးပြည့်စုံမှုအရှိဆုံး ကွင်းလယ်ကစားသမားတွေအနက် တစ်ဦး ဖြစ်ပါတယ်။ သူသာ အကောင်းဆုံးပုံစံမှာရှိနေရင် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမား ဖြစ်လိမ့်မယ်လို့ ယူဆမိသလို ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားလည်း ဖြစ်လာနိုင်ပါတယ်" လို့ တိုနီခရူးစ်က ပြောပါတယ်။

ဘယ်လင်ဟမ်နဲ့ တိုနီခရူးစ်တို့က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ စူပါဖလားအောင်ပွဲတွေမှာ အတူလက်တွဲပါဝင်ခဲ့ဖူးပါတယ်။

ဆက်လက်ပြီး မိခင်နိုင်ငံမှာ ဘယ်လင်ဟမ် မကြာခဏတွေ့ကြုံရလေ့ရှိတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ အသင်းဖော်ဟောင်းရဲ့ အရည်အသွေးအစစ်အမှန်ကို မထင်ဟပ်စေနိုင်ဘူးလို့ တိုနီခရူးစ်က ထောက်ပြခဲ့ပါတယ်။

သူက "မိခင်နိုင်ငံမှာ ကစားသမားတွေဆိုတာ တခါတလေ ဝေဖန်ခံရမှု အများဆုံးဖြစ်လေ့ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။