The network connection is lost.
ချဲလ်ဆီးနှင့်ပွဲတွင် အသာစီးကစားပုံနဲ့ ခြေစွမ်းပြသခဲ့တဲ့ အန်ဒိုရဲ့ အသက်အရွယ်ကို မေးခွန်းထုတ်ကာ ကလော့ပ်က ဂျပန်နိုင်ငံသားကို ချီးကျူးစကားဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့ ဝင်ဘာလေမှာ ကျင်းပတဲ့ ကာရာဘောင်ဖလားဖိုင်နယ်အဖြစ် ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ကွင်းလယ်မှာ အသာစီးရနေတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် လီဗာပူးနည်းပြက အန်ဒိုကို စက်တစ်ခုလို့ တင်စား ပြောကြားလိုက်ပါတယ်။ ကလော့ပ်ဟာ ကွင်းလယ်ကစားသမားရဲ့ ဘောလုံးစွမ်းရည်နှင့် ကွင်းအတွင်းလုပ်အားနှုန်းကို ချီးကျူးပြောဆိုခဲ့ပြီး ဂျပန်လက်ရွေးစင်ဟာ အမှန်တကယ် အသက် ၃၁ နှစ်ရှိ မရှိ မေးခွန်းထုတ်ခဲ့ပါတယ်။
ပွဲအပြီး သတင်းထောက်တွေကို ကလော့ပ်က "အန်ဒိုက သူ့ရဲ့ပတ်စပို့မှာ အသက် ၃၀ သို့မဟုတ် ၃၁ ရှိနေပြီဖြစ်တာကြောင့် လီဗာပူးမှာ ၃ နှစ် ဒါမှမဟုတ် ၄ နှစ်အတွင်းမှာ နောက်ထပ်ရေရှည်စာချုပ်ကို ချုပ်ဆိုနိုင်မယ်ဆိုတာ သေချာပါတယ်" "သူက စက်တစ်ခုလို့ပါပဲ။ ဘောလုံးပညာအရတော့ ခြွင်းချက်ပါ။ သူ့ရဲ့ ခံစစ်ကစားပုံက ထူးချွန်ပါတယ်။ သူက ကျွန်တော်တို့ကို လွတ်လပ်အောင် အများကြီးလုပ်ပေးပါတယ်။ ဒါဟာ ထိပ်တန်းအဆင့် ဖွံ့ဖြိုးတိုးတက်မှုပါ။ အရမ်း အထောက်အကူ ဖြစ်သလို အသင်းအတွက်လည်း အကူအညီဖြစ်စေပါတယ်" လို့ ပြောပါတယ်။
ဖိုင်နယ်ပြီးနောက် စတုဂတ်ကစားသမားဟောင်းဟာ ကိုင်စီဒိုရဲ့ ကြမ်းတမ်းစွာ ဖြတ်ထုတ်မှုကြောင့် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သဖြင့် ချိုင်းထောက်ဖြင့် ကွင်းမှထွက်ခွာသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ချဲလ်ဆီးကစားသမားဟာ ဂရာဗန်ဘက်ခ်ျကို ဖြတ်ထုတ်ရာမှာလည်း ကြမ်းတမ်းမှုရှိခဲ့ပြီး ပထမပိုင်းတွင် ကွင်းလယ်ကစားသမားကို လူစားလဲခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ အက်ဖ်အေဖလား ပဉ္စမအကျော့ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဆာလက်၊ နူနက်ဇ်၊ အာနိုးလ်နှင့် လက်ရှိမှာ ဂရာဗန်ဘက်ချ်နှင့် အန်ဒိုတို့လို ကစားသမားတွေ ဒဏ်ရာ ရရှိနေတာကြောင့် ကလော့ပ်အတွက် ကစားသမားရွေးချယ်ရေးမှာ ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။