The network connection is lost.

Banner Image

နောက်ကွယ်ကနည်းပြမဟုတ်ကြောင်း အခိုင်အမာပြောကြားလာတဲ့ လီဗာပူးနည်းပြဟောင်း

လီဗာပူးနည်းပြဟောင်း ကလော့ပ်က သူ့အနေနဲ့ လိုက်ပ်ဇစ်မှာ နောက်ကွယ်ကနည်းပြမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ဒါ့အပြင် နည်းပြသစ် အိုလီဝါနာလက်အောက်မှာ လာမယ့်ရာသီသစ်ကို ဘယ်လိုမျှော်လင့်ထားလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကလော့ပ်အနေနဲ့ အခုနွေရာသီမှာ ဝါနာအတွက် လူအင်အားဖြည့်တင်းပေးမှုတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေကာ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၆ နောက်ပိုင်းအဆိုးဝါးဆုံးအဆင့်ရပ်တည်မှုဖြစ်ခဲ့ပါတယ်။ဂျာမန်သားဟာ လိုက်ပ်ဇစ်အသင်းရဲ့ပထမဆုံးရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို တက်ရောက်ခဲ့ပါတယ်။ ကလော့ပ်ကို လေ့ကျင့်ရေးကွင်းမှာ တွေ့ရတာကြောင့် ကွင်းအတွင်းဆုံးဖြတ်ချက်တွေကို ပါဝင်နိုင်ချေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါပေမယ့် အသက် ၅၈ နှစ်သားက အဆိုပါသတင်းအမှားတွေကို ငြင်းဆန်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါတရားဝင်ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ ကလော့ပ်က “ဒီအရာတွေကို ကျွန်တော်အကြိမ်ရေထောင်ပေါင်းများစွာရှင်းပြဖို့လိုအပ်လားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော် ဒီမှာအရိပ်နည်းပြမဟုတ်ပါဘူး။ ကျွန်တော့်အတွေ့အကြုံတွေကို မျှဝေဖို့ပဲ ကြိုးစားနေတာပါ။ ကျွန်တော် အများကြီးတိတ်ဆိတ်နေတာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဒေါ့မွန်နည်းပြဟောင်းကတော့ ဝါနာရဲ့ကစားဟန်နဲ့ပတ်သက်ပြီး “အောင်မြင်နေသမျှ ကြီးမားတာတွေဖြစ်လာနိုင်ပါတယ်။ အခြေအနေကို တုံ့ပြန်နိုင်မှု ၊ ပြင်းပြမှု ၊ ကောင်းမွန်စွာစုဖွဲ့နိုင်မှု ၊ ဆန်းသစ်နိုင်မှုတွေရှိရပါမယ်။ အသင်းက အပြောင်းအလဲလုပ်နေဆဲပါ။ အဲ့တာက ရှင်းလင်းတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ လိုက်ပ်ဇစ်ဟာ ပထမဆုံးရာသီကြိုပွဲစဉ်အဖြစ် အခုစနေနေ့မှာ ZFC အသင်းနဲ့ ခြေစမ်းမှာဖြစ်ပါတယ်။