The network connection is lost.
ဘောလုံးထိန်းသိမ်းမှုအဆင်မပြေခဲ့တဲ့နောက် အာဆင်နယ်စတား ကိုင်ဟားဗက်ဇ်တစ်ယောက် ပေါ်တိုနည်းပြ ကွန်ဆီကာအိုကို သိသိသာသာတွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါလုပ်ရပ်လုပ်ခဲ့ပေမယ့်လည်း ဂျာမန်သားဟာ ကွင်းလယ်ဒိုင်ရဲ့အရေးယူခြင်းမခံရပဲ နှုတ်အားဖြင့်သာ သတိပေးခြင်းခံခဲ့ရပါတယ်။
တော့တင်ဟမ်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်တ်က “ဟားဗက်ဇ်လုပ်ခဲ့တဲ့ပုံစံက တော်တော်ဆိုးပါတယ်။ သူအနည်းငယ်ကံကောင်းခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။ ပွဲအပြီးမှာ ပေါ်တိုနည်းပြနဲ့ အာတီတာတို့ကြား အငြင်းပွားမှုတွေဖြစ်ပွားခဲ့သေးတာ ဖြစ်ပါတယ်။
ကွန်ဆီကာအိုက အာတီတာဟာ သူ့မိသားစုထဲတစ်ဦးကို စပိန်ဘာသာစကားနဲ့ စွပ်စွဲပြောကြားခဲ့တယ်လို့ အခိုင်အမာဆိုပါတယ်။ ဒါ့အပြင် ကွန်ဆီကာအိုက မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုလည်း အခုလိုမျိုးပြောကြားခဲ့သေးတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အက်ဖ်အေဖလားကနေ ထွက်ခွာထားခဲ့ရပြီး နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ မန်စီးတီးနဲ့ အဝေးကွင်းပွဲကန်ရမှာဖြစ်ပါတယ်။