The network connection is lost.

Banner Image

မန်စီးတီးအား အနိုင်ရရှိမှုတွင် ကိုင်ဟာဗက်ဇ်ရဲ့ စွမ်းဆောင်မှုကို သုံးသပ်လိုက်တဲ့ အိုင်ယန်ရိုက်

အမှတ်ပေးဇယားရဲ့ ဒုတိယနေရာရှိ အာဆင်နယ်ဟာ အမ်မရိတ်တွင် မန်စီးတီးကို အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဂွါဒီယိုလာရဲ့ လက်ရှိချန်ပီယံအသင်းနှင့် ၉ မှတ် ကွာဟမှု ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဟာဗက်ဇ်ဟာ အကန်ဂျီရဲ့ အမှားကို အခွင့်ကောင်းယူကာ အိုဒီဂတ်ရဲ့ ပွဲကစားချိန် နှစ်မိနစ်အတွင်းသွင်းယူခဲ့တဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

ဟာလန်းက ဒုတိယပိုင်းစပြီး ၁၀ မိနစ်အကြာတွင် ချေပဂိုး ပြန်သွင်းပေးခဲ့သော်လည်း အာဆင်နယ်က ပါတေးရဲ့ သွင်းဂိုးဖြင့် ချက်ချင်းပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ပါတေးရဲ့ကန်ချက်ဟာ ဂျွန်စတုန်းကို ထိမှန်ကာ အိမ်ကွင်းတွင် ဦးဆောင်ဂိုး ပြန်လည်ရရှိစေခဲ့ပါတယ်။ လူးဝစ်စကယ်လီ၊ ဟာဗက်ဇ် နှင့် လူစားဝင် ကစားသမား ဝမ်နယ်ရီတို့ရဲ့ ဂိုးများဖြင့် အာဆင်နယ်ဟာ နောက်ဆုံးမိနစ် ၃၀ အတွင်း ဧည့်သည်မန်စီးတီးအသင်းကို စိတ်ဓာတ်ကျစေခဲ့ပါတယ်။ 

"ကျွန်တော်တို့ ပြောနေတာက မန်စီးတီး အသင်းဟာ မကောင်းတဲ့အချိန်ကာလကနေ ထွက်ကာ သူတို့ရဲ့ ပုံစံကောင်းကို ပြန်ရှာဖို့ ကြိုးစားနေပါတယ်။ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လည်းလုပ်နေတယ်" "ချဲလ်ဆီးက ဒီနေ့ နိုင်ခဲ့ရင် ဟုတ်ပြီ ကျွန်တော်တို့အသင်းက တည်ငြိမ်မှုတွေ စတွေ့နေပြီလို့ စဉ်းစားမိမှာပါ။ ဒါပေမယ့် အာဆင်နယ်ရဲ့ ရလဒ်က ဘယ်ကနေ လာတာလဲ" "အာဆင်နယ် ကစားနေတဲ့ပုံစံ၊ ဖိအားပေးနေတဲ့ပုံစံက မန်စီးတီး ရဲ့ ခံစစ်ကို ဖိအားပေးနေပြီး ဖိုဒန်ကို ဖိအားပေးနေတာပါ" "ဟာလန်းကို ဂိုးသွင်းခွင့် မပေးခဲ့ပါဘူး။ သူက ဂိုးသွင်းခဲ့ပေမယ့် အာဆင်နယ်က ခံစစ်ကို တင်းတင်းကျပ်ကျပ် လုပ်ထားခဲ့ပါတယ်" "မန်စီးတီးက အခွင့်အရေးတွေကို ရယူဖို့ ကြိုးစားနေပေမယ့် အာဆင်နယ်ကသာ သူတို့ရဲ့ အခွင့်အရေးတွေကို ယူသွားခဲ့ပါတယ်" လို့ အာဆင်နယ် နှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အိုင်ယန်ရိုက်က ပွဲပြီအပြီးတွင် SuperSport တွင် ပြောကြားခဲ့ပါတယ်။ 

အိုင်ယန်ရိုက်က အာဆင်နယ်ဟာ မိနစ် ၉၀ အတွင်း အခွင့်အရေးများကို အသုံးချနိုင်ခဲ့တဲ့အပေါ် ကျေနပ်နေပါတယ်။ "ပရိသတ်တွေက ဒီမှာ ရှိတဲ့အတိုင်း ပိုကောင်းပါတယ်။ အကြိမ်များစွာလည်း ကျွန်တော်တို့ မြင်ဖူးပါတယ်" "ဒီအခွင့်အရေးတွေကို ယူပြီး ပွဲထဲမှာ သက်တောင့်သက်သာဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ နောက်ထပ် ဂိုးတွေ ရအောင်လည်း ကြိုးစားဖို့ လိုပါတယ်" "မန်စီးတီးလို အသင်းတွေကိုတောင် စိတ်ဓာတ်ကျအောင် လုပ်နိုင်ခဲ့တာပါ။ သူတို့ကို အဆုံးသတ်အောင် လုပ်နိုင်တယ် ဒါက ကျွန်တော်တို့အသင်း ဒီရာသီမှာ လုံလောက်အောင် မလုပ်နိုင်ခဲ့တာပါ။ အခွင့်အရေးတွေကို ယူနိုင်ရင် ဒီလိဂ်ထဲက အသင်းတွေကိုလည်း အဲ့ဒီလိုလုပ်နိုင်မှာပါ" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ပွဲကစားချိန် ၂၆ မိနစ်တွင် ၁၂ ကိုက်အကွာမှ ဘောလုံးကန်ချက်ကို လွဲချော်ခဲ့ပြီးနောက် ဟာဗက်ဇ်ဟာ အာဆင်နယ်အတွက် ဒုတိယပိုင်းတွင် ဂိုးသွင်းနိုင်ခဲ့တာကြောင့် စိတ်သက်သာရာရမှာပါ။ "ကျွန်တော်တို့ ဒီပွဲမှာ ၁-၀ ဂိုးနဲ့ ဦးဆောင်နေတုန်းက ဟာဗက်ဇ် ရဲ့ အခွင့်အရေးက ပိုလွယ်ခဲ့ပါတယ်။ သူက အဲ့ဒါကို လွဲချော်ခဲ့တာပါ" "၃-၁ ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာ သူ့စိတ်ထဲမှာ ကွဲပြားနေပါတယ်။ သူက ပြန်ဝင်လာပြီး အတွင်းဘက်သို့ ယူလိုက်ကာ ကန်လိုက်တာပါ" 

"ပထမအခွင့်အရေးမှာ သူက ဂိုးထဲကို ကန်ဖို့ပဲ လိုတာပါ။ တစ်ခါတစ်ရံမှာ ၃-၁ ဂိုးနဲ့ နိုင်နေတဲ့အချိန်က ၁-၀ ဂိုးနဲ့ နိုင်နေတဲ့အချိန်ထက် စိတ်ကို ပိုလွတ်လပ်စေပါတယ်" လို့ အိုင်ယန်ရိုက် က ဟာဗက်ဇ် ပထမပိုင်း ကန်ချက်လွဲချော်မှုနှင့်ပတ်သက်၍ ပြောကြားခဲ့ပါတယ်။ အိုဒီဂတ်ရဲ့ အဖွင့်ဂိုးအတွက် ဟာဗက်ဇ်ရဲ့ ဖန်တီးမှုနှင့်ပတ်သက်ပြီး အိုင်ယန်ရိုက် က "ကိုင်နဲ့ပတ်သက်ပြီး လူတွေ ဘာပြောပြော သူက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။ 

သူက တိုက်စစ်မှူးစစ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ကျွန်တော်တို့အတွက် ကောင်းကောင်းလုပ်ပေးနေပါတယ်" "၁-၀ ဂိုးနဲ့ ဦးဆောင်မှုကို ရအောင် လုပ်ပေးတာက ကျွန်တော်တို့ လိုအပ်တာပါ။ ပွဲထဲမှာ စတင်ပြီး စိတ်တည်ငြိမ်အောင် လုပ်ပေးတာပါ" လို့ ပြောပါတယ်။