The network connection is lost.

Banner Image

စပါတာပရာဟာနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်က ခြေစမ်းပွဲ မဟုတ်ဘူးလို့ ဆိုလာတဲ့ ယာဂန်ကလော့ပ်

လီဗာပူးနည်းပြယာဂန်ကလော့ပ်ကတော့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် စပါတာပရာဟာနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။

အနီရောင်တပ်သားတွေက အခုဘောလုံးရာသီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကလော့ပ်ကတော့ ဒီလိုသုံးသပ်မှုတွေကို လက်သင့်မခံပါဘူး။ ချက်ပြည်တွင်းကလပ်အသင်းက ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ရေး ကြိုးစားဖို့ အရာရာတိုင်းကို စွန့်လွှတ်သွားလိမ့်မယ်ဆိုတာကို ဂျာမန်သားကိုယ်တိုင် သိရှိထားပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကလော့ပ်က “ခြေစမ်းပွဲကစားဖို့အတွက် အခုဒီနေရာဆီ ကျွန်တော်တို့ ရောက်နေတာ မဟုတ်ပါဘူး။ နှစ်တွေ ကြာလာတာနဲ့အမျှ မတူညီတဲ့စနစ်တွေ၊ မတူညီတဲ့ အတွေးအခေါ်အယူအဆတွေနဲ့အတူ ပြိုင်ဘက်ကလပ်အသင်းတွေက အများကြီးတိုးတက်လာကြပါတယ်။ အခုပဲ စပါတာပရာဟာ အတွက် စိတ်ဝင်စားစရာသီတင်းပတ်ကို ကျွန်တော်တို့ စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့အတွက် အရမ်းကောင်းမွန်တဲ့ သီတင်းပတ်တစ်ခုပါ။ ဖလားပွဲစဉ်ကို အနိုင်ရရှိခဲ့သလို သရေ ရလဒ်တစ်ခုနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ကာလရှည်စောင့်ဆိုင်းခဲ့ရပြီးနောက် ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ဖို့ နည်းပြကပဲ အရာရာတိုင်းကို ပြောင်းလဲပေးခဲ့ရပါတယ်။ သူတို့အသင်းက ရှင်းလင်းတဲ့အတွေးအခေါ်တစ်ခုနဲ့ ယှဉ်ပြိုင်ကစားနေပါတယ်"

"ပွဲစဉ်က အရမ်းပြင်းထန်နိုင်ပေမယ့် ကျွန်တော်တို့စိတ်ကူးစိတ်သန်းတွေကလည်း သူတို့လိုပဲ ကောင်းနိုင်သလောက် ကောင်းအောင်ကစားသွားဖို့ ဖြစ်ပါတယ်။ စပါတာပရာဟာလည်း ကျွန်တော်တို့နဲ့ မကစားခဲ့ဖူးပါဘူး။ ခက်ခဲ့တဲ့ပွဲစဉ်တစ်ခုကို ကျွန်တော်တို့ မျှော်လင့်ထားပေမယ့် ကျွန်တော်တို့ကိုယ်တိုင်လည်း ထိပ်တန်းပွဲစဉ်တစ်ခုဖြစ်လာအောင် ကစားဖို့ ရည်မှန်းထားပါတယ်။ ဒီအတိုင်းသာ လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့နဲ့ယှဉ်ပြိုင်ကစားရတာ ပျော်စရာမကောင်းဘူးဆိုတာ ပြိုင်ဘက်အသင်း သိရှိသွားပါလိမ့်မယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်အပြီး လီဗာပူးက လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ အရေးကြီးပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။