The network connection is lost.

Banner Image

အီတလီမြေကိုပြန်နိုင်တယ်လို့ ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဖြစ်သူ အရိပ်အမြွက် ပြောကြား

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ ဂျော်ဂျင်ဟိုရဲ့စာချုပ်သက်တမ်းက အခုနွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်နေပါတယ်။အီတလီသားဟာ ပြီးခဲ့တဲ့လတွေတုန်းက အာဆင်နယ်အသင်းရဲ့အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး လီဗာပူး ၊ နယူးကာဆယ်နဲ့ပွဲတွေမှာ ပွဲရဲ့အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။

ဒါပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးမယ့်အနေအထားမှာ အသက် ၃၂ နှစ်သားဟာ နွေရာသီမှာ မိခင်နိုင်ငံကိုပြန်ဖွယ်ရှိနေပါတယ်။စတန်းဒက်စ်သတင်းဌာနရဲ့အဆိုအရ အီတလီကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ် ၊ လာဇီယို နဲ့ အသင်းဟောင်း နာပိုလီအသင်းက ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ဂျော်ဂျင်ဟိုရဲ့အေးဂျင့် ဂျာအိုဆန်းတို့စ်ကတော့ သူ့ကစားသမားဟာ အီတလီမြေကိုပြန်နိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

အီတလီသတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ “သူက လာဇီယိုနဲ့ပိုသင့်တော်ပါတယ်။ အခုလက်ရှိမှာလည်း ဆာရီနည်းပြလုပ်နေတာကြောင့် သူ့စရိုက်လက္ခဏာနဲ့အဆင်ပြေပါတယ်။ဒါပေမယ့် ဂျူဗင်တပ်စ်မှာလည်း ဂူအန်တိုလီရှိနေတာကြောင့် ပြောင်းနိုင်ချေလည်းရှိပါတယ်။ နာပိုလီဘက်ကိုလည်း ပြန်နိုင်ဆိုတာ မငြင်းချင်ပါဘူး”လို့ သူက ပြောကြားခဲ့ပါတယ်။ဂျော်ဂျင်ဟိုဟာ နာပိုလီမှာတုန်းက ဆာရီလက်အောက်မှာကစားခဲ့တာဖြစ်ပြီး ချဲလ်ဆီးကိုပြောင်းရွှေ့လာချိန်မှာ ထပ်မံခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဆာရီက အခုလာဇီယိုမှာနည်းပြနေပြီး သူ့အနေနဲ့ ဂျော်ဂျင်ဟိုကိုပြန်လည်ခေါ်ယူချင်နေမှာပါ။ ဒါပေမယ့် အာတီတာက အီတလီသားရဲ့အမာခံပရိသတ်ဖြစ်တာကြောင့် ခက်ခဲနိုင်ဖွယ်ရှိနေပါတယ်။အာဆင်နယ်ဟာ လက်ရှိမှာလည်း ဂျော်ဂျင်ဟိုကို စာချုပ်သက်တမ်း ၁ နှစ်ထပ်တိုးဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် စာချုပ်သက်တမ်း ၁ နှစ်တိုးလိုက်နိုင်တာက နွေရာသီမှာ ဂျော်ဂျင်ဟိုကို ဆက်ထိန်းနိုင်ဖွယ်ရှိနေပါတယ်။