
လူမျိုးရေးခွဲခြားမှုအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဘာစီလိုနာစတား
အောက်တိုဘာတုန်းက ဘာနေဗျူးမှာ ရီးရဲလ်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့အကြောင်း ဘာစီလိုနာစတား ယာမဲလ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ယာမဲလ်တစ်ယောက် အဆိုပါပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့သီချင်းလုပ်သီဆိုပြီး လူမျိုးရေးခွဲခြားခံခဲ့ရတာဖြစ်ပါတယ်။ အသင်းဘက်က ပွဲအပြီးမှာ အဆိုပါပြဿနာကို ကနဦးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အတိတ်ကာလ ၃ နှစ်ကနေ ၄ နှစ်အတွင်း စပိန်မြေမှာ လူမျိုးရေးခွဲခြားမှုပြဿနာက တော်တော်လေးကြီးမားခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းစတား ဗင်နီဆီးယက်စ်က ပုံမှန်လူမျိုးရေးခွဲခြားခံခဲ့ရတာဖြစ်ပါတယ်။
ယာမဲလ်က မက်ဒရစ်ပရိသတ်တွေ မိမိကို ဘာကြောင့်လူမျိုးရေးခွဲခြားခဲ့လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ “ခင်ဗျားက ၃ ဂိုး ဒါမှမဟုတ် ၄ ဂိုးလောက်အနိုင်ရနေချိန်မှာ သူတို့ခင်ဗျားကို ဘာမဆိုပြောနိုင်ပါတယ်။ အဆုံးသတ်မှာ သူတို့ဘာမှမလုပ်နိုင်ပါဘူး။ ခင်ဗျားကစားတာကိုပဲ သူတို့ကြည့်နေရတာပါ။ သူတို့ကွင်းမှာ ခင်ဗျားသူတို့ကိုအနိုင်ယူတာကိုပဲ သူတို့ကြည့်နေရတာပါ”လို့ ယာမဲလ်က ပြောကြားခဲ့ပါတယ်။
“သူတို့ဘောလုံးမရတာကို မြင်ရသလို ခင်ဗျားကို ဘယ်လိုပဲပြောနေကြပါစေ အဲ့တာက ကျွန်တော့်ကို စိတ်မပျက်စေသလို ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ အဆုံးသတ်မှာ သူတို့အနိုင်ရချိန် သူတို့ခင်ဗျားကို ဘာမှမအော်နိုင်တော့ပါဘူး။ အဲ့တာပါပဲ။ ဘောလုံးမှာက လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိပါဘူး။လက်ရှိအခြေအနေကို ဘောလုံးအဖွဲ့ချုပ်ကလည်း သိသလို လူတိုင်းကလည်း မြင်ကြပါတယ်”လို့ ဘလိတ်က ပြောကြားခဲ့ပါတယ်။ ယာမဲလ်ဟာ ဘာစီလိုနာရဲ့ဒီရာသီလာလီဂါချန်ပီယံဆုအိပ်မက်အတွက် အဓိကနေရာကနေ ပါဝင်ကစားနေပြီး စနေနေ့မှာ လက်စ်ပါးမက်စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အဲ့နောက် အင်္ဂါနေ့မှာ ကိုပါဒယ်ရေးဆီမီးဖိုင်နယ်အဖြစ် တီကိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။