အာဆင်နယ်စတားနဲ့ဆွေးနွေးနေတဲ့ ဘရာဇီးကလပ် ဖလာမင်ဂို
သတင်းတွေအရ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဂလိုဘိုသတင်းဌာနရဲ့အဆိုအရ ဖလာမင်ဂိုအသင်းဟာ အခုဆောင်းဈေးကွက်မှာတင် အီတလီသားကိုခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ် နဲ့ ဂျော်ဂျင်ဟိုတို့ကြား စာချုပ်သက်တမ်းက နွေရာသီအထိသက်တမ်းရှိနေပေမယ့် ကစားသမားအနေနဲ့ အခုဆောင်းဈေးကွက်မှာ ပြည်ပကလပ်အသင်းတစ်ခုနဲ့ အကြိုသဘောတူညီမှုရယူနိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် ဘရာဇီးကလပ်ဘက်က အခုဆောင်းဈေးကွက်မှာတင် အရခေါ်ယူချင်နေပါတယ်။ တကယ်လို့ ဖလာမင်ဂိုအနေနဲ့ အခုဆောင်းဈေးကွက်မှာတင်ခေါ်ယူချင်တယ်ဆိုရင် အာဆင်နယ်ဘက်က ဂျော်ဂျင်ဟိုကို လက်လွှတ်ဖို့ သဘောတူမှုရမှာဖြစ်ပါတယ်။ သတင်းတွေအရ အာဆင်နယ်ဘက်ကတော့ အီတလီသားကို ဆက်ထိန်းထားချင်နေပြီး တကယ်လို့ အခုဈေးကွက်မှာ လက်မလွှတ်ခဲ့ရင် ဖလာမင်ဂိုက အခြားပစ်မှတ်တွေကို ပြောင်းလဲဖွယ်ရှိနေပါတယ်။
ဂျော်ဂျင်ဟိုဟာ ဒီရာသီအာဆင်နယ်အတွက် ပရီးမီးယားလိဂ်မှာ ၆ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားပြီး ဘရာဇီးမြေမှာ ပထမဆုံးအကြိမ်ကစားသမားဘဝကို စတင်ချင်နေပါတယ်။
အာဆင်နယ်ဟာ အခုညမှာ မြောက်လန်ဒန်ဒါဘီပွဲအဖြစ် တော့တင်ဟမ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။