The network connection is lost.

Banner Image

နယူးကာဆယ်ရဲ့ ရှုံးနိမ့်မှုအပြီး အာဆင်နယ်ပရိသတ်တွေထံ သတင်းစကားပါးလိုက်တဲ့ ဂျိုးဝီလ်လော့ခ်

အာတီတာရဲ့ အသင်းဟာ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘော့မန်းရဲ့ OG နှင့် ကိုင်ဟားဗက်ဇ်ရဲ့ အနီးကပ်ပိတ်သွင်းမှုများဖြင့် ပထမပိုင်းကို စိုးမိုးကစားခဲ့ပါတယ်။

ဆာကာနှင့် ကီဝီယာတို့က ဂိုးသွင်းယူပြီးနောက် ဖနောင့်ကြောဒဏ်ရာကနေ ပြန်လည် သက်သာလာကာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ခဲ့တဲ့ ဝီလ်လော့ခ်ဟာ အမ်းမရိတ်သို့ ပြန်လာမှုတွင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် ပေါင် ၂၅ သန်းဖြင့် နယူးကာဆယ်သို့ ပြောင်းရွှေ့ခဲ့တဲ့ ဝီလ်လော့ခ်ဟာ အမ်းမရိတ်စ်အတွင်းရှိ အာဆင်နယ်ပရိသတ်များထံမှ နွေးထွေးစွာတဲ့ ကြိုဆိုမှုကိုရရှိခဲ့ပြီး အကယ်ဒမီတစ်ဆင့် ပထမအသင်းသို့ တက်လှမ်းခဲ့မှုတွင် ကလပ်အား ကျေးဇူးတင်ရှိကြောင်း ကွင်းလယ်ကစားသမားကပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီကိုလာတဲ့အချိန် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အာဆင်နယ်က တကယ့်ကို ထိပ်တန်းအသင်းဖြစ်ပြီး ကစားပုံကလည်းကောင်းပါတယ်" "ပထမပိုင်းတုန်းက ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ထင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က အကောင်းဆုံး တုန့်ပြန်ပြီး လုပ်ရမယ်လို့ထင်ခဲ့မိပါတယ်" လို့ ဝီလ်လော့ခ်က TNT Sports သို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကိုပြန်လာတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဝီလော့ခ်က "နည်းနည်းတော့ ခါးသီးပါတယ်။ ဂိုးသွင်းနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် ရလဒ်က အရေးကြီးဆုံး ဖြစ်ပြီး ကံမကောင်းစွာပဲ ဒီနေ့မှာ ကျွန်တော်တို့ အနိုင် ၃ မှတ်မရရှိခဲ့ပါဘူး" "အာဆင်နယ် ပရိသတ်တွေဆီက ကောင်းမွန်တဲ့ကြိုဆိုမှုကို ကျေးဇူးတင်ပါတယ်။ သူတို့က ကောင်းကောင်း ကြိုဆိုခဲ့တာပါ" "ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အာဆင်နယ်က ကျွန်တော့်ကို အများကြီးပေးခဲ့တာပါ။ ကျွန်တော့် အသက် ၄ နှစ်ခွဲ လောက်ကတည်းက အဲဒီကို ရောက်ခဲ့တာပါ။ သူတို့က ကျွန်တော့်ကို အများကြီးပေးခဲ့ပြီး အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်" "ဒီနေ့ နယူးကာဆယ်အတွက် ကစားပြီး ရှုံးပွဲအတွက်တော့ နည်းနည်း စိတ်ပျက်မိပါတယ်" လို့ ပြောပါတယ်။

သူဟာ ဖနောင့်ကြောဒဏ်ရာကြောင့် ၃ လကျော် နားနေခဲ့ရပြီး နယူးကာဆယ်ရဲ့ကွင်းအတွင်း အခြေအနေ မတိုးတက်လာတာကြောင့် အသက် ၂၄ နှစ်အရွယ် ကစားသမားက မပျော်မရွှင် ဖြစ်နေပါတယ်။

"ကျွန်တော် တကယ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ပါတယ်၊ ဒီရာသီက ကျွန်တော့်အတွက် စိတ်ဖိစီးမှုတွေရှိခဲ့ပြီး ဒဏ်ရာလည်း ရရှိခဲ့ပါတယ်" "ကျွန်တော့်အသင်းကို တတ်နိုင်သလောက် မကူညီနိုင်ခဲ့လို့ တကယ်ကို စိတ်ပျက်မိပါတယ်" "ဒါဟာ ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် အတော်လေး အထီးကျန်နေခဲ့ကာ အခုပြန်ကောင်းလာပြီး အနာဂတ်အတွက် ကောင်းတာတွေလုပ်နိုင်ဖို့ ကြိုးစားနေရတာကို ကျေနပ်မိပါတယ်" လို့ ကစားသမားက ပြောပါတယ်။