The network connection is lost.

Banner Image

ဘရိုက်တန်စတားကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီး

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်စတား ဂျာအိုပက်ဒရိုကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၃ နှစ်သားဟာ ၂၀၃၂ အထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားမှာထည့်သွင်းအသုံးပြုဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီးဟာ လာမယ့်ရာသီသစ်အတွက် ပြင်ဆင်နေတာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားကန်နေချိန်မှာပဲ အသင်းလူအင်အားကိုဖြည့်တင်းခဲ့တာဖြစ်ပါတယ်။ ဂစ်တန်ကိုခေါ်ယူနိုင်ခဲ့ပြီးနောက် ဘရိုက်တန်စတားကိုလည်း အလျင်အမြန်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပက်ဒရိုဟာ အမေရိကမြေမှာ ဆေးစစ်မှုပြီးမြောက်ခဲ့ပြီဖြစ်ကာ ကာလရှည်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ရိုမာနိုက ဆိုပါတယ်။

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ပက်ဒရိုအတွက် ဘရိုက်တန်နဲ့ပေါင် ၅၅ သန်း + အပိုဆုကြေး ၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ လာမယ့်ရာသီသစ်မှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်လာမှာဖြစ်ပါတယ်။ ရာသီသစ်မတိုင်ခင် ချဲလ်ဆီးဟာ ပက်ဒရိုကို လာမယ့်ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ထည့်သုံးဖွယ်ရှိနေပါတယ်။

အပြောင်းအရွှေ့အတွင်းမှာ အလျင်အမြန်လှုပ်ရှားတာက ချဲလ်ဆီးအတွက် အကျိုးရှိစေမှာဖြစ်ပြီး မာရက်စ်ကာရဲ့နည်းစနစ်မှာ အလျင်အမြန်အံဝင်နိုင်မှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် ၂၄ နာရီအတွင်းမှာ ပက်ဒရိုအပြောင်းအရွှေ့ကို တရားဝင်ကြေညာမှာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားမှာပါဝင်ခွင့်မရခဲ့ရင်တောင် စီနီယာအသင်းလူစာရင်းမှာ အလျင်အမြန်ပါဝင်လာမှာဖြစ်ပါတယ်။