The network connection is lost.

Banner Image

ပယ်လ်မာကို တွေ့ဆုံဖို့ဘာကြောင့် ထိတ်လန့်ရလဲဆိုတာကို ချဲလ်ဆီးစတားအသစ် ရှင်းပြ

ချဲလ်ဆီးစတားအသစ် ဂျာအိုပက်ဒရိုက အသင်းဖော်သစ် ပယ်လ်မာကိုတွေ့ဆုံဖို့ ဘာကြောင့်ထိတ်လန့်ရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ ဘရာဇီးသားဟာ ချဲလ်ဆီးအသင်းထံစရောက်ရောက်ချင်းမှာတင် အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မာရက်စ်ကာလက်အောက်မှာ ပက်ဒရိုတစ်ယောက် အလျင်အမြန်အထိုင်ကျခဲ့ပြီး ၃ ဂိုးသွင်းယူကာ ဆုဖလားရယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ဖိုင်နယ်ပွဲမှာလည်း ဂျာအိုဟာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ တောင်အမေရိကသားက သူ့အနေနဲ့ အသင်းဖော်အသစ်တွေဆီကနေ ဘာတွေမျှော်လင့်ထားလဲဆိုတာကို မသိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

စတန်းဒက်စပေါ့တ်နဲ့အင်တာဗျူးမှာ အင်္ဂလန်သားပယ်လ်မာနဲ့ပတ်သက်ပြီး “ကိုးလ်က စူပါစတားပါ။ ကျွန်တော် ချဲလ်ဆီးလာချိန်မှာ သူ့ရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး အနည်းငယ်ထိတ်လန့်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘရိုက်တန်ကအဓိကကစားသမားဖြစ်နေလို့ပါ။ ကျွန်တော်သိတဲ့ချဲလ်ဆီးက အနည်းငယ်ကွဲပြားနေပါတယ်။ အဲ့နောက် ကိုးလ်ကို ကျွန်တော်ဒီကိုကူညီဖို့လာခဲ့တယ်ဆိုတာကို ပြောခဲ့ပါတယ်။

သူကလည်း ကျွန်တော်အသင်းကိုကူညီနိုင်တယ်ဆိုတာကို သိပါတယ်။ သူကလည်း ကျွန်တော့်ကိုပြန်ကူညီနိုင်မယ်ဆိုတာကို ကျွန်တော်သိနေပါတယ်။ ကျွန်တော်တို့ကွင်းထဲမှာ အတွဲအဖက်ညီကြပါတယ်။ သူလည်းအတူတူခံစားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ အတူတူ ချဲလ်ဆီးအတွက် ဆုဖလားတွေရယူပေးချင်ပါတယ်”လို့ ပက်ဒရိုက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရာသီအစရှုံးပွဲမရှိစတင်ထားနိုင်ခဲ့ပြီး လာမယ့်စက်တင်ဘာ ၁၃ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ကစားရမှာဖြစ်ပါတယ်။