
နေမာက အံ့အားသင့်ဖွယ်နှုတ်ဆက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ပီအက်စ်ဂျီအားကစားဒါရိုက်တာ
ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်က နေမာတစ်ယောက် ၂၀၂၃ နွေရာသီတုန်းက အံ့အားသင့်ဖွယ် နှုတ်ဆက်စကားပြောကြားလာခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ စပိန်သားနည်းပြလက်အောက်မှာ ပရောဂျက်အသစ်တစ်ခုကိုစတင်ခဲ့ပြီး လူငယ်တွေနဲ့အတူ အသင်းကို စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အင်းနရစ်နည်းပြဖြစ်လာပြီး ၁ လအကြာမှာပဲ နေမာတစ်ယောက် ယူရိုသန်း ၉၀ နဲ့ ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ဘရာဇီးသားဟာ ၂၀၁၇ တုန်းက ဘာစီလိုနာထံကနေ ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အင်းနရစ် နဲ့ မိမိကို အခုချိန်က အသင်းကနေထွက်ခွာတာအကောင်းဆုံးအချိန်လို့ ပြောကြားလာခဲ့ကြောင်း ကမ်ပို့စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“အင်းနရစ်က နေမာကိုထွက်ခွာတာကောင်းတယ်ဆိုတာ ပထမဆုံးပြောခဲ့တာပါ။ သူက မျက်နှာချင်းဆိုင်ပြောဖို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးမှာကခြားနားတယ်လို့ သူကတွေးနေတာပါ။ အသင်းတစ်သင်းအနေနဲ့ ကစားရတာပါ။ရက်သတ္တပတ်တွေအတွင်းမှာလည်း လေ့ကျင့်ခန်းအတွင်း အကောင်းဆုံးကစားရတာပါ”လို့ ကမ်ပို့စ်က ပြောကြားခဲ့ပါတယ်။
ဘရာဇီးသားဟာ ပီအက်စ်ဂျီနဲ့ ၆ နှစ်တာကာလအတွင်း လီဂူးဝမ်းဆုဖလား ၅ ကြိမ်ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်တော့မရခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အင်းနရစ်က ဘာပေ ၊ နေမာ နဲ့ မက်ဆီတို့မရှိပဲ ပထမဆုံးချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာကို ၅ ဂိုးပြတ်နဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ပီအက်စ်ဂျီကိုကာကွယ်ရပါမယ်။ ကျွန်တော်တို့အကောင်းဆုံးကစားချင်သလို နိုင်ပွဲတွေရယူချင်ပါတယ်။ ဒီပေါ်လစီအရ နည်းပြအနေနဲ့ ကစားသမားရဲ့နောက်ခံအနေအထားကြောင့် ဦးစားမပေးနိုင်ဘူးဆိုတာကို လူတိုင်းနားလည်ရပါမယ်။ ဒီနေ့မှာ ကျွန်တော်တို့ တိုက်ရိုက်ကစားတာပိုများပါတယ်။ ကျွန်တော်တို့ အမြင့်ဘောတွေလိုအပ်သလို ကစားသမားတစ်ဦးက ဘောလုံးနဲ့အတူ သက်တောင့်သက်သာဖြစ်ဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့ ပိုအဖြေရှာရမှာဖြစ်သလို နေရာစုံကစားနိုင်တာလည်း လိုအပ်ပါတယ်။ စတားကအသင်းဖြစ်သလို တစ်သင်းလုံးပါပဲ။ ကျွန်တော်တို့ စတားကစားသမားတွေကိုခေါ်ယူဖို့ မပစ်ပယ်ပေမယ့် အသင်းနဲ့အထိုင်ကျမယ့်သူမျိုးပဲလိုချင်ပါတယ်။ကျွန်တော်တို့ လူးဝစ်ကိုလည်း ဒီအတွေးအခေါ်နဲ့ ကူညီပေးချင်ပါတယ်”လို့ ကမ်ပို့စ်က ပြောကြားခဲ့ပါတယ်။ နေမာဟာ လက်ရှိငယ်ဘဝကလပ် ဆန်းတို့စ်အသင်းမှာ ကစားနေပြီး ကြံ့ခိုင်မှုပြည့်ဝပေမယ့် ဘရာဇီးအသင်းလူစာရင်းမှာတော့ အရွေးမခံရသေးတာဖြစ်ပါတယ်။