The network connection is lost.

Banner Image

ဗင်နီးစီးယက်စ်နဲ့ ထိခိုက်မှုဖြစ်စဉ်ကို သာမန်ဖြစ်ရပ်တစ်ခုလို့သာ သတ်မှတ်ခဲ့တဲ့ အယ်လ်ချီဂိုးသမားပီနာ

အယ်လ်ချီဂိုးသမားအီနာကီပီနာက ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီးစီးယက်စ်နဲ့ ထိခိုက်ခဲ့မှုဖြစ်စဉ်အတွက် သူ့ရဲ့အတွေးအမြင်ကို ဝေမျှလာခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း ဘရာဇီးတိုက်စစ်မှူးရဲ့ဒူးက ပီနာရဲ့မျက်နှာကို တိုက်မိပြီး ဂိုးသမားရဲ့နှာခေါင်းမှာ သိသာထင်ရှားတဲ့ဒဏ်ရာတစ်ခု ရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီး ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ဂိုးကို သွင်းယူခဲ့လို့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့အတူ ပွဲပြီးဆုံးခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာတော့ အယ်လ်ချီနည်းပြဆာရာဘီယာက ဗင်နီးစီးယက်စ်ရဲ့လုပ်ရပ်အတွက် ပြစ်ဒဏ်ချမှတ်ပေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပီနာကတော့ ဒီကိစ္စကို အလေးအနက်မထားဖို့ ရွေးချယ်ခဲ့ပါတယ်။
ဘာစီလိုနာမှ အယ်လ်ချီဆီ အငှားပြောင်းရွှေ့လာတဲ့ ဂိုးသမားက “ ဗင်နီးစီးယက်စ်ရဲ့ကန်ချက်လား? 

ကိစ္စမရှိပါဘူး။ ဒါက ပုံမှန်ပွဲစဉ်တစ်ခုရဲ့ ဖြစ်ရပ်တစ်ခုလောက်ပါပဲ။ သူရဲ့အရှိန်အဟုန်ကို မထိန်းနိုင်လို့ သူ့ရဲ့ဒူးနဲ့ ကျွန်တော့်ကို တိုက်လိုက်မိတာပါ။ ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။ ပြောစရာလည်း မရှိပါဘူး”လို့ ဆိုပါတယ်။ အခုပွဲစဉ်မှာ အယ်လ်ချီဂိုးသမားပီနာက ပေးဂိုးနှစ်ဂိုးအထိ ရှိခဲ့ပေမယ့် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။