
ဘော်လွန်းဒီအော်ဆုအတွက် ပီအက်စ်ဂျီအသင်းဖော်ဟောင်းကို ထောက်ခံလိုက်တဲ့ ဘာပေ
ရီးရဲလ်စတား ဘာပေကတော့ ဘော်လွန်းဒီအော်ဆုအတွက် ပီအက်စ်ဂျီအသင်းဖော်ဟောင်း ဒမ်ဘီလီကို ထောက်ခံလိုက်ပါတယ်။ တယ်လီဖုသတင်းဌာနနဲ့အင်တာဗျူးမှာ ဘာပေက ပြင်သစ်အသင်းဖော် ဒမ်ဘီလီကို ဘော်လွန်းဒီအော်ဆုအတွက် ထောက်ခံလိုက်တာဖြစ်ပါတယ်။
ဒမ်ဘီလီဟာ အဆိုပါဆုအတွက် ဘာစီလိုနာစတား ယာမဲလ်နဲ့အားပြိုင်ရမှာဖြစ်ပြီး ဘော်လွန်းဒီအော်ဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ပီအက်စ်ဂျီစတားဟာ အသင်းကို ပထမဆုံးချန်ပီယံလိဂ်ဖလားအပြင် လီဂူးဝမ်း နဲ့ ပြင်သစ်လိဂ်ဖလားတွေရယူပေးနိုင်ခဲ့တာကြောင့် ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ဒမ်ဘီလီဟာ ပြိုင်ပွဲစုံ ၃၅ ဂိုးသွင်း ၊ ၁၆ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ဘော်လွန်းဒီအော်ဆုလျာထားစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီက အဆိုပါဆုနဲ့ထိုက်တန်လားဆိုတဲ့မေးခွန်းအပေါ် ဘာပေက “သူထိုက်တန်လားဆိုတော့ ကျွန်တော့်အတွက် ထိုက်တန်တယ်လို့ ပြောရမှာပါ။ ကျွန်တော် အစကတည်းက သူ့ကိုထောက်ခံခဲ့တာပါ။ ဟာကီမီလည်း ရမယ်လို့ မျှော်လင့်ပါတယ်။ နောက်ခံလူတစ်ဦးရမယ်ဆိုရင်တော့ အဲ့တာကနောက်ခံလူတွေအတွက် အားတက်စရာပါ။ သူက သမိုင်းဝင်ရာသီတစ်ခုပိုင်ဆိုင်ခဲ့ပါတယ်”လို့ ဘာပေက ဖြေကြားခဲ့ပါတယ်။
ယာမဲလ်နဲ့ပတ်သက်ပြီးတော့လည်း ဘာပေက နောက်ပြောင်ပြီး “ယာမဲလ်ကတော့ နိုးပါ။ သူက ဘာစီလိုနာစတားဖြစ်သလို အရမ်းကောင်းတဲ့ကစားသမားပါ”လို့ ဖြေကြားခဲ့ပါတယ်။ တော်တော်များများကတော့ လာမယ့်စက်တင်ဘာ ၂၂ ရက်နေ့ ဘော်လွန်းဒီအော်ဆုပေးပွဲကို အာရုံရောက်နေကြပြီး ဘာပေက လက်ရှိမှာ ပြင်သစ်အသင်းနဲ့အတူ ပါဝင်နေပေမယ့် ဒမ်ဘီလီကတော့ တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။
အဆိုပါဒဏ်ရာကြောင့် ဒမ်ဘီလီတစ်ယောက် ရက်သတ္တပတ်အတော်ကြာနားရနိုင်ပြီး နိုင်ငံအသင်းထက် ကလပ်အသင်းကိုသာ ပိုအာရုံစိုက်ဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်။