The network connection is lost.
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ဂျာမန်မြေကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို အဆုံးသတ်လိုက်ပါတယ်။
အင်္ဂလန်သားဟာ ၂၀၂၃ နွေရာသီတုန်းက တော့တင်ဟမ်ကနေ ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပွဲဦးထွက်ရာသီမှာတင် ကိန်းဟာ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် လိုချင်နေတဲ့ဆုဖလားတော့မရသေးတာဖြစ်ပါတယ်။
ဘိုင်ယန်ဟာ ကိန်းလိုချင်နေတဲ့ ဆုဖလားရနိုင်မယ့် အာမခံချက်မျိုးမရှိတာကြောင့် ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တယ်လို့ သတင်းတွေကြီးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်နဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းရှိနေသလို လာမယ့်ရာသီအသင်းဆုဖလား ရရေးအတွက် ဦးဆောင်ဖို့လည်း အလိုရှိနေပါတယ်။
ရွှေဖိနပ်ဆုရယူနိုင်ခဲ့ပြီးနောက် ကိန်းက အင်စတာဂရမ်ကနေ “ဒီဆုကိုရခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဒီဆုက ကျွန်တော့်ကိုအသင်းဖော်တွေ နဲ့ အသင်းက ကူညီပေးခဲ့တာကြောင့် ရခဲ့တာပါ။ လာမယ့်ရာသီမှာ အခုထက်ပိုပြီး ဂိုးတွေသွင်းယူချင်ပါတယ်”လို့ ရေးသားတင်ခဲ့ပါတယ်။
လီဝန်ဒေါစကီးရဲ့တစ်ရာသီအတွင်း ၄၁ ဂိုးစံချိန်ကို လိုက်မီနိုင်ဖို့ ကိန်းတစ်ယောက် နီးစပ်ခဲ့ပေမယ့် ဒဏ်ရာ ရရှိခဲ့တာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ကိန်းကတော့ လာမယ့်ယူရို ၂၀၂၄ မှာလည်း အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် အသင်းနဲ့အတူ ယူရိုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။