
The network connection is lost.

ပီအက်စ်ဂျီကစားသမား ဟာကီမီဟာ အမ်ဘာပေရဲ့ နောက်ကိုလိုက်နိုင်တာကြောင့် ၂၀၂၅ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်သို့ ပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။
Mundo Deportivo ရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီနောက်တန်း ကစားသမားဟာ ၂၀၂၅ ခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် ဘာနေဗျူးသို့ အမ်ဘာပေနှင့်အတူလိုက်ပါရန် စိတ်အားထက်သန်နေပါတယ်။ မော်ရိုကိုသားရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီကတော့ လာမယ့်ရာသီတွင် သူ့ကို အလွတ်ပြောင်းရွှေ့ကြေးဆုံးရှုံးရန် တုံ့ဆိုင်းနေမှာဖြစ်တာကြောင့် စပိန်သို့ ပြောင်းရွှေ့ရန် ကလပ်ကို စည်းရုံးနိုင်မှာလည်းဖြစ်ပါတယ်။
ဟာကီမီဟာ အမ်ဘာပေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲမှ တစ်ဦးဖြစ်ပါတယ်။ အကယ်၍ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်အတွက် အချိန်မရွေး တင်းမာမှုတစ်ခုသို့ ရောက်ရှိပါက ကလပ်ဟာ ဟာကီမီကို ခေါ်ယူခြင်းအား ပြင်သစ်သားနှင့် သူ့ရဲ့အပေါင်းအပါများ ပြေလည်စေရန် အသုံးချနိုင်တာဖြစ်ပါတယ်။
ဟာကီမီဟာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီဖြစ်တဲ့ လာဖာဘီကာထွက်တစ်ဦးဖြစ်ပါတယ်။ အတွေ့အကြုံရင့် ညာနောက်ခံလူ ကာဗာဂျယ်ကို မကျော်နိုင်တာကြောင့် အငှား ၂ကြိမ် ထွက်ကစားပြီးနောက် အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဟာကီမီဟာ ယခုရာသီတွင် လူးဝစ်အင်းနရစ်အတွက် အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အမ်ဘာပေထွက်ခွာခါနီး အသင်းကိုပြန်လည်တည်ဆောက်ချိန်မှာ စပိန်သားနည်းပြဟာ မော်ရိုကိုသားကို အသင်းမှဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။