The network connection is lost.

Banner Image

ပြိုင်ပွဲတိုင်းမှာ အနိုင်ရဗိုလ်စွဲဖို့ ရည်မှန်းထားတဲ့ ပီအက်စ်ဂျီကွင်းလယ်ကစားသမားဒူအီ

ပီအက်စ်ဂျီကွင်းလယ်ကစားသမားဒူအီက သူ့ရဲ့အသင်းဖော်တွေဟာ သူတို့ရရှိလာတဲ့ အဆင့်အတန်းအသစ်အတွက် ပျော်ရွှင်ကျေနပ်နေကြတယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ပီအက်စ်ဂျီကို ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းဖြစ် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးနေကြပါတယ်။

ဒူအီက “ ဒါ ကောင်းတာပေါ့။ ကျွန်တော်တို့ကိုစောင့်ကြည့်နေတဲ့ ပရိသတ်တွေကိုယ်တိုင် စိတ်ကျေနပ်စေဖို့ ကွင်းတွင်းမှာ ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်ဆောင်ပြသွားရမယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါက ဘောလုံးမှတဆင့် ပီအက်စ်ဂျီကိုချစ်မြတ်နိုးလာစေဖို့ ကျွန်တော်တို့လုပ်ဆောင်သွားရမယ့် ရည်မှန်းချက်တစ်ခုလည်း ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့အရာပါပဲ။ ဒါကြောင့် ချဲလ်ဆီးနဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့တွေ တူညီတဲ့စွမ်းဆောင်ရည်ပိုင်း၊ တူညီတဲ့စိတ်ဓါတ်ပိုင်းကို ထပ်ခါတလဲလဲပြသသွားရပါမယ်”လို့ ပြောပါတယ်။

ချဲလ်ဆီးကိုသာ အနိုင်ရရှိမယ်ဆိုရင် ပီအက်စ်ဂျီက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ပဉ္စမမြောက်ချန်ပီယံဆုဖလားကို သိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။

ဒူအီက “ ကျွန်တော်တို့အတွက် သမိုင်းသစ်ရေးထိုးနိုင်မယ့် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ ပြီးတော့ အနိုင်ရရှိဖို့ အရာရာတိုင်းကို ကျွန်တော်တို့ လုပ်ဆောင်သွားရပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ အခုဘောလုံးရာသီ၊ အခြားပွဲစဉ်တွေအတွက် ပြင်ဆင်ခဲ့သလိုပဲ ဒီဖိုင်နယ်ပွဲစဉ်ဆီ ချဉ်းကပ်သွားဖို့ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အရာအားလုံးကို အောင်နိုင်စေခဲ့ပြီး အခုဘောလုံးရာသီ၊ ကျွန်တော်တို့ရဲ့ရည်မှန်းချက်လည်း ဖြစ်ပါတယ်”လို့ ဆက်ပြောပါတယ်။