မန်စီးတီးအသင်း ဘဏ္ဍာရေးချိုးဖောက်တယ်ဆိုတဲ့သက်သေကို ဟက်ကာတွေ ခြိမ်းခြောက်နေ
မန်စီးတီးအသင်းရဲ့အီးမေးလ်နဲ့ အချက်အလက်တွေကို ဟက်ဟာအဖွဲ့တစ်ခုက ဟက်ယူပြီး ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်ခဲ့တယ်ဆိုတဲ့သက်သေပြသဖို့ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
အဆိုပါသတင်းကို The Sun က Rui Pinto ဆီကနေဖော်ပြခဲ့တာဖြစ်ပြီး ၂၀၁၈ တုန်းက စီးတီးရဲ့အီးမေးလ်တော်တော်တော်များများကို ဟက်ကာတွေက ရရှိထားတယ်လို့ သိရကာ အချက်အလက်တွေက ဥပဒေကိုချိုးဖောက်ကြောင်း သက်သေပြနိုင်တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်သားဟာ ၂၀၂၀ နောက်ပိုင်းကတည်းက ပရိုဂရမ်မာသမားအဖြစ်ရပ်တည်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက ပေါ်တူဂီတရားရုံးတစ်ခုကနေ ၄ နှစ်အလုပ်ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။
ပင်တိုဟာ စီးတီးအသင်းရဲ့ဘဏ္ဍာရေးပိုင်းဆိုင်ရာအချက်အလက်တွေကို သိမ်းထားပေမယ့် မကြာသေးခင်က ဟက်ဟာတွေကြောင့် မန်ချီနီရဲ့ စာချုပ်အချက်အလက်တွေအပြင် စပွန်ဆာဝင်ငွေတွေပါ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ အခုနွေမှာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စည်းမျည်းချိုးဖောက်မှု ၁၁၅ ခုကိုကြားနာဖို့ ပြင်ဆင်နေပြီး ဘာအမှားမှ မလုပ်ထားဘူးလို့ ငြင်းဆိုထားပါတယ်။
ပင်တိုက သူ့ရဲ့လုံခြုံတဲ့အိမ်ကနေ “မန်စီးတီးအသင်း တာဝန်ရှိသူတွေကိုအသိမပေးပဲ ပေးချေထားတဲ့ငွေကြေးတွေရှိပါတယ်။ အဆိုပါအစိတ်အပိုင်းတွေထဲကအချို့ကို ပရီးမီးယားလိဂ်က စုံစမ်းစစ်ဆေးနေတာပါ။ ကျွန်တော့်မှာ ပြင်သစ် ၊ ဂျာမန်တာဝန်ရှိသူတွေရဲ့ မီလီယံနဲ့ချီတဲ့ အချက်အလက်တွေကို hard drives ၅ ခုစာလောက်ရှိနေပါတယ်။ ပြစ်မှုနဲ့ပတ်သက်ပြီး သူတို့ရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မန်စီးတီးအသင်းမထုတ်ပြန်တဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးရေးတွေဆီ ပေးနိုင်ဖို့ ကျွန်တော်တို့ချဉ်းကပ်နေပါတယ်။ ကျွန်တော်တို့ အချက်အလက်တွေကို မထုတ်ပြန်ရသေးပါဘူး။ ဒါပေမယ့် မန်စီးတီးနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေအများကြီးရှိနေပါတယ်။ အချို့ကိုတော့ ထုတ်ပြန်ပြီးပါပြီ။ ကျွန်တော်တို့ ဘာမှမပြောနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လုပ်ဆောင်မှာပါ”လို့ ပင်တိုက ပြောကြားခဲ့ပါတယ်။
ပင်တိုဟာ ၂၀၂၀ တုန်းက စီးတီးအသင်းကို ဥရောပပြိုင်ပွဲကနေ ၂ နှစ်အပိတ်ခံရနိုင်တဲ့ အချက်အလက်ကို ထုတ်ပြန်ခဲ့သေးတာဖြစ်ပြီး အသင်းဘက်က ပေါင် ၂၅ သန်းလောက် ဒဏ်ကြေး ပေးဆောင်ခဲ့ရပါတယ်။ စီးတီးဟာ ၂ နှစ်အပိတ်ခံရနိုင်တဲ့အနေအထားကို အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံးကို အယူခံဝင်ပြီး ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာလည်း စီးတီးအတွက် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေပေါက်ကြားတာက အံ့သြစရာဖြစ်လာခဲ့ပါတယ်။