The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့သရေပွဲအတွက် ဟာလန်းကို အပြစ်တင်မှာမဟုတ်တဲ့ ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက ချဲလ်ဆီးနဲ့သရေပွဲမှာ အခွင့်အရေးတွေလွဲချော်ခဲ့တဲ့ တိုက်စစ်မှူးအာလင်းဟာလန်းကို အပြစ်တင်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ မနေ့ညက ချဲလ်ဆီးနဲ့ သရေကျခဲ့တာကြောင့် နိုင်ပွဲကိုယ်စီရသွားတဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့နောက်မှာသာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ အဆိုပါပွဲစဉ်အတွင်း ကန်ချက်၉ကြိမ်အထိရှိခဲ့ပေမယ့် မိုးပေါ်ထောင်ကန်တာကများနေခဲ့ပြီး ဂိုးပေါက်တည့်မှု ၃ကြိမ်သာရှိခဲ့ပါတယ်။

ဂွါဒီယိုလာက "သူ ကန်ချက်၉ကြိမ်ရခဲ့တာကောင်းပြီး နောက်တစ်ချိန်ကျရင်တော့ ဂိုးသွင်းနိုင်မှာပါ။ ကျွန်တော် ဘောလုံးသမားအဖြစ် ၁၁နှစ်ကြာကစားခဲ့ဖူးပြီး တိုက်စစ်မှူးတွေကို အကြံပေးတတ်တဲ့သူမျိုး မဟုတ်ပါဘူး။
ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့တယ်။ သူ အခွင့်အရေးတွေရခဲ့တယ်။ နောက်တစ်ခါကျရင် ဂိုးသွင်းနိုင်မှာပါ။ သူ့ကို ကျွန်တော် အပြစ်မတင်ပါဘူး။ လူသားတွေဆိုတာ မှားတတ်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ချဲလ်ဆီးအတွက် စတာလင် ဦးဆောင်ဂိုးသွင်းသွားချိန် ပေါက်ကွဲနေတာကိုလည်း ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့်ကြားရက်မှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။