The network connection is lost.

Banner Image

ဇာဗီနေရာမှာ ဒီဇာဘီနဲ့အစားထိုးဖို့ ဘာစီလိုနာကို အကြုံပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ရာသီကုန်မှာ ဘာစီလိုနာကနေထွက်ခွာမယ့် နည်းပြဇာဗီဟာနန်ဒက်ဇ်နေရာမှာ ဘရိုက်တန်နည်းပြ ရော်ဘတ်တိုဒီဇာဗီနဲ့အစားထိုးဖို့အတွက် အကြုံပြုလာခဲ့ပါတယ်။ ရာသီကုန်မှာ ဇာဗီက အသင်းကနေထွက်ခွာတော့မယ်လို့ ကြေညာထားတာကြောင့် ဘာစီလိုနာဟာ အစားထိုးနိုင်မယ့် နည်းပြသစ်ကို ရှာဖွေနေပြီး ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူချယ်၊ အာဆင်နယ်နည်းပြ အာတီတာတို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာဟာ ဇာဗီနေရာမှာ အစားထိုးမယ့်နည်းပြအဖြစ် ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဟန်ဆီဖလစ်ခ်ကို ဦးစားပေးရွေးချယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ လာပေါ်တာဟာ ဂွါဒီယိုလာနဲ့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး ဘရိုက်တန်နည်းပြ ဒီဇာဘီကို အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဒီဇာဘီကို သူ့ရဲ့နည်းပြဘဝ အနာဂတ်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာတော့ သူက “ကျွန်တော့်ခေါင်းထဲမှာ ဘရိုက်တန်ပဲရှိပါတယ်။

ကျွန်တော် ဒီရာသီကို အကောင်းဆုံးနည်းလမ်းနဲ့အဆုံးသတ်ချင်ပါတယ်။ အသင်းရဲ့ကစားသမားအချို့က ကစားနိုင်ခြင်းမရှိလို့ ကျန်တဲ့ပွဲတွေကို တတ်နိုင်သလောက် အကောင်းဆုံးရလဒ်တွေပုံဖော်နိုင်ဖို့ ကြိုးစားသွားရပါမယ်။ ကျွန်တော်က အသင်းနဲ့စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ဘာကိုမှလည်း မဆုံးဖြတ်ရသေးပါဘူး။ အခုချိန်မှာတော့ ဘရိုက်တန်အတွက် ၁၀၀ ရာခိုင်နှုန်းအာရုံစိုက်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ဇာဗီကလည်း ဘာစီလိုနာကနေ ထွက်ခွာမယ်ဆိုတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် စပိန်သားကတော့ ပြောင်းလဲဖို့ဆန္ဒမရှိဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဇာဗီက “အခုချိန်အထိ ဘာမှအပြောင်းအလဲမရှိသေးပါဘူး” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။