ပယ်လ်မာ မန်စီးတီးကနေ ထွက်သွားခြင်းအတွက် သူ့မှာသာအပြစ်ရှိကြောင်း ပြောကြားခဲ့တဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကိုးလ်ပယ်လ်မာ အသင်းကနေ ထွက်ခွာသွားခြင်းအတွက် သူ့မှာသာတာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အလားအလာအရှိဆုံး လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပယ်လ်မာကို မန်စီးတီးကနေ ခေါ်ယူခဲ့ပါတယ်။ ၂၁နှစ်သားဟာ လက်ရှိ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြနေပြီး အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဂွါဒီယိုလာက ယနေ့ည ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမယ့် ပယ်လ်မာကို ပွဲထွက်ခွင့်မပေးနိုင်တာကြောင့် ထွက်ခွာသွားခြင်းကို နားလည်ကြောင်း ဝန်ခံခဲ့ပါတယ်။
ဂွါဒီယိုလာက "လူငယ်ကြယ်ပွင့်ကစားသမားတွေကို အသင်းမှာဆက်ရှိစေချင်ပေမယ့် ခုလိုထွက်သွားကြတာကလည်း ပုံမှန်ပါပဲ။ ၂ရာသီ ၃ရာသီလောက်ကြာရင် သူတို့ အရင်ကထက် ပွဲထွက်ခွင့်ပိုရလာချင်ပါတယ်။ အဲ့ဒါကို ကျွန်တော် လုံးဝနားလည်ပါတယ်။ ပယ်လ်မာက ဖိုဒန်ထက် ပွဲထွက်ခွင့်ပိုရမယ်ဆိုရင် သူဒီမှာရှိနေဦးမှာပါပဲ။ ဒါပေမယ့် ကျွန်တော် သူ့ကို ပွဲထွက်ခွင့်မပေးနိုင်ခဲ့ပါဘူး။ အဲ့ဒါက ကျွန်တော့်တာဝန်ပါပဲ။ ဘာကြောင့် ပွဲထွက်ခွင့်မပေးနိုင်လဲဆိုတော့ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်၊ ဖိုဒန်တို့လို ကစားသမားတွေ ရှိနေလို့ပါ။ ကျွန်တော် အခြားသူတွေကို ပွဲထွက်စေခဲ့ပါတယ်။ တစ်ရာသီ၊ နှစ်ရာသီ၊ သုံးရာသီလောက်ကျတော့ ပွဲကန်ချင်တယ်၊ အရန်ခုံမထိုင်ချင်ဘူးဆိုပြီး ပြောလာကြပါတယ်။ အဲ့ဒါက ပုံမှန်ပါပဲ။ ကျွန်တော် ကလပ်တစ်ခုအနေနဲ့ နားလည်ပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ ချဲလ်ဆီးလိုအသင်းကနေ ကမ်းလှမ်းမှုရခဲ့ပြီး သူ့အတွက် ကျွန်တော် တကယ်ဝမ်းသာပါတယ်။ ကလပ်တွေအကုန်လုံးမှာ ဒါမျိုးတွေက ဖြစ်တတ်တာပါပဲ"လို့ ပြောခဲ့ပါတယ်။