The network connection is lost.

Banner Image

သြစတြီးယားနဲ့ပွဲမှာ တူရကီအသင်းအတွက် ဟီးရိုးဖြစ်ခဲ့တဲ့ ဂိုးသမား ဂူနော့ခ်

တူရကီအသင်းဂိုးသမား မီရက်တ်ဂူနော့ခ်တစ်ယောက် သြစတြီးယား အသင်းရဲ့နောက်ကျချေပဂိုးဖြစ်တဲ့ ဂေါ်ဒွန်ဘန့်ခ်ရဲ့ဂိုးကို လက်စွမ်းပြကာကွယ်ပြီး နိုင်ငံအသင်းအတွက် ဟီးရိုးဖြစ်ခဲ့ပါတယ်။

ဘက်ဆစ်တက်ခ်ဂိုးသမားဟာ အခုသွင်းဂိုးကို မကာကွယ်ခင်မှာ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး ကာကွယ်မှုဖြစ်တဲ့ ခရစ္စတိုဖာရဲ့ဂိုးကိုလည်း ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ သြစတြီးယားအသင်းဟာ တူရကီအသင်းကို ၂ ဂိုး ပေးလိုက်ရပြီးနောက် ဒုတိယပိုင်းတစ်လျှောက်လုံးဖိအားပေးခဲ့တာဖြစ်ပါတယ်။

ခရစ္စတိုဖာက အချိန်ပိုမိနစ်မှာ ပြင်းထန်တဲ့ခေါင်းတိုက်ချက်တစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ဂူနော့ခ်က လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ အဲ့နောက် အာဆင်နယ်နောက်ခံလူဟောင်း ဒီဆွန်က ၁၉၇၀ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်ဂန္ထဝင်ဟောင်း ဘန့်ခ်ရဲ့ကာကွယ်မှုနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

အင်္ဂလန်စတားဟောင်းဟာ အဆိုပါပြိုင်ပွဲမှာ ပီလီရဲ့သွင်းဂိုးကို အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ “သူ့ရဲ့စွမ်းဆောင်မှုက ပထမတန်းစားပါ။ ဒါပေမယ့် အဲ့တာက ကမ္ဘာ့အဆင့်ပါ။ အဲ့တာက ဘန့်ခ်ရဲ့ကာကွယ်မှုနဲ့ဆင်တူပါတယ်။ သူက နောက်တန်းမှာ တကယ်လက်စွမ်းပြခဲ့တာပါ။ ပထမပိုင်းမှာလည်း အကောင်းဆုံး ကာကွယ်မှုကိုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့လက်စွမ်းနဲ့ တူရကီကို ကွာတားဖိုင်နယ်ပို့ဆောင်ပေးခဲ့တာပါ”လို့ ဂူနော့ခ်ရဲ့ကာကွယ်မှုကို ဒီဆွန်က ပြောကြားခဲ့ပါတယ်။

ဂူနော့ခ်ရဲ့ကာကွယ်မှုဟာ ဘန့်ခ်တစ်ယောက် ပီလီရဲ့ခေါင်းတိုက်ချက်ကို ကာကွယ်မှုနဲ့ ဆင်တူခဲ့တာဖြစ်ပါတယ်။ ဘန့်ခ်ရဲ့ကာကွယ်မှုနဲ့ပတ်သက်ပြီး ပီလီက “သူ(ဘန့်ခ်)ရဲ့ကာကွယ်မှုက ကျွန်တော်သွင်းခဲ့သမျှတွေထဲက အကောင်းဆုံးဂိုးပါ။ ကျွန်တော်ပွဲတော်တော်များများကို ကြည့်ဖြစ်ခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်မယ်ဆိုရင် ဘောလုံးရဲ့ဘယ်လိုနေရာကိုထိရင် ဘယ်လိုသွားမယ်ဆိုတာ သိပါတယ်။ ကျွန်တော် ခေါင်းနဲ့သေချာတိုက်လိုက်တာပါ။ လုံးဝကို ဂိုးနိုင်တဲ့အနေအထားဖြစ်ပြီး ကျွန်တော်အောင်ပွဲခံဖို့တောင် အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီလူက ကျွန်တော့်ရဲ့အပိုင်ခေါင်းတိုက်ချက်ကို အံ့ဖွယ်လက်စွမ်းပြခဲ့ပါတယ်။ သူဘယ်လိုကာကွယ်လိုက်လဲဆိုတာ မသိပေမယ့် အဲ့တာက မဖြစ်နိုင်ဘူးလို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော် အခုပြန်ကြည့်ချိန်မှာလည်း မယုံကြည်နိုင်အောင်ဖြစ်ရပါတယ်”လို့ ပီလီက ပြောကြားခဲ့ပါတယ်။

တူရကီဟာ ကွာတားဖိုင်နယ်မှာ နယ်သာလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီမီရယ်က တည်ကန်ဘောတွေကနေ ၂ ဂိုး သွင်းယူနိုင်ခဲ့ကာ မိုက်ကယ်က သြစတြီးယားအတွက် ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။