
The network connection is lost.

ခြင်္သေ့သုံးကောင်ဟာ ယခုရက်သတ္တပတ်ကုန်တွင် ဆာဘီးယားနှင့် အကြိတ်အနယ် စတင်ကစားရမယ့် ယူရိုပြိုင်ပွဲမတိုင်မီ တနင်္လာနေ့တွင် ဂျာမနီသို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က အိုက်စလန်နဲ့ကို ဝင်ဘာလေတွင် ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်ကတော့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ မကြာသေးမီက အဓိကပြိုင်ပွဲတွေက စံချိန်တွေက အပြုသဘောဆောင်တဲ့ အကြောင်းရင်းအချို့ကို ပေးစွမ်းနိုင်သော်လည်း ၃ ကြိမ်အထိကျရှုံးထားတာကြောင့် ဆောက်ဂိတ်အနေနဲ့ နည်းပြအဖြစ်မှ နှုတ်ထွက်သွားမှာကို အင်္ဂလန်က နားလည်ထားတာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ နောက်လာမယ့်အပြောင်းအရွှေ့နှင့်ပတ်သက်တဲ့ ဆွေးနွေးမှုအားလုံးကို ခေတ္တဆိုင်းငံ့ထားလိုက်ပြီဖြစ်ပြီး သူ့ကို တန်ဟက်ရဲ့နေရာကို ရယူဖို့ ယူနိုက်တက်ရဲ့ ဦးစားပေးနည်းပြအဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရာသီကုန်တွင် အပြည့်အ၀ပြန်လည်သုံးသပ်မှုများ ပြုလုပ်နေသော်လည်း နယ်သာလန်သားနည်းပြကို အိုးထရက်ဖို့ဒ်တွင် တတိယမြောက်ရာသီမှာ ဆက်ထားဖို့ အတည်ပြုရန် ရှိနေသေးကြောင်း သိရပါတယ်။ ဆာဂျင်မ်ရက်ဖ်ကလစ်တို့ သဘောကျနေတဲ့ ပိုချက်တီနိုနဲ့ တူချယ်တို့က ငြင်းပယ်ခဲ့ပြီးနောက်မှာတော့ INEOS အနေနဲ့ တန်ဟက်ကို ဆက်ထိန်းထားဖို့ ဒါမှမဟုတ် ဆောက်ဂိတ်ကို စိတ်ရှည်ရှည်နဲ့စောင့်ဖို့သာ ရှိတော့မှာဖြစ်ပါတယ်။ အခုလိုအခြေအနေက အင်္ဂလန်အပါအဝင် ပါဝင်ပတ်သက်သူတွေအဖို့ ပိုမိုရှုပ်ထွေးသော အခြေအနေတစ်ခု ဖြစ်စေမှာဖြစ်ပါတယ်။
Daily Telegraph ရဲ့ဖော်ပြချက်အရ အက်ဖ်အေဟာ တရားဝင် ဆန်ခါတင်စာရင်းကို မရေးဆွဲရသေးသော်လည်း ဒီနွေရာသီမှာ ဆောက်ဂိတ်က နည်းပြရာထူးမှာ နှုတ်ထွက်မယ်လို့ စဉ်းစားနေတာကြောင့် တူချယ် နှင့် ပိုချက်တီနိုတို့ဟာ အံအားသင့်ဖွယ်ပါဝင်နိုင်တာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် စိတ်အားထက်သန်နေပြီဖြစ်ကြောင်း နားလည်ထားပြီးဖြစ်သော်လည်း ကာပယ်လိုရဲ့နည်းပြမှု အဆုံးသတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြားနည်းပြတစ်ဦးကို ခန့်အပ်ရန် အက်ဖ်အေက ပြင်ဆင်ထားခြင်း ရှိ၊မရှိကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
တူချယ်နှင့် ပိုချက်တီနိုတို့ဟာ ချဲလ်ဆီးနှင့် ဘိုင်ယန်မြူးနစ်တို့မှ အသီးသီးထွက်ခွာသွားပြီးနောက် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသော်လည်း အက်ဖ်အေတွင် အင်္ဂလိပ်လူမျိုး နည်းပြ နှစ်ဦးကို ရည်မှန်းထားတာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးတွင် ပိုချက်တီနိုရဲ့နေရာကိုဆက်ခံခဲ့တဲ့ ဂရေဟမ်ပေါ်တာက အထင်ကြီးလေးစားခံရဆဲဖြစ်ပြီး မကြာသေးမီအချိန်က အေဂျက်စ်ကို နည်းပြဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
အက်ဒီဟောင်းကိုလည်း အထင်ကြီးလေးစားမှုများရှိနေပြီး နယူးကာဆယ်ရဲ့ ဆော်ဒီအာရေးဗျပိုင်ရှင်များရဲ့လက်အောက်တွင် တိုးတက်ဖို့ ဆက်လက်လုပ်ဆောင်မယ့် ငှက်ကျားတွေအတွက် အာရုံစိုက်ထားပုံရပါတယ်။