 
                                                                        ပေါင်သုံးသိန်းတန် Rolls-Royce ကားကြီးအပါအဝင် အံ့ဖွယ်အမိုက်စားမော်တော်ကားတွေကို စုဆောင်းထားတဲ့ ဟာလန်း
အသက်-၂၂ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်တဲ့ ဟာလန်းအတွက် အမိုက်စားမော်တော်ကားတစ်စီးကို စုဆောင်းရတာ ဂုဏ်ယူစရာတစ်ခု ဖြစ်နေပါလိမ့်မယ်။
ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုအတွင်း သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်ထားတဲ့ မန်စီးတီးတိုက်စစ်မှူးက သီတင်းပတ်တစ်ပတ်လျှင် လုပ်အားခ ပေါင် ၄၀၀,၀၀၀ ဝန်းကျင် ရရှိနေတယ်လို့ သိရပါတယ်။ ဒီလိုအရာတွေကပဲ နော်ဝေးလူငယ်တစ်ယောက်အတွက် အံ့ဖွယ်အမိုက်စားမော်တော်ကားတွေကို ပိုင်ဆိုင်ခြင်းအပါအဝင် ဘဝရဲ့ အကောင်းဆုံးလူနေမှုပုံစံကို ခံစားခွင့်ရစေဖို့ ခွင့်ပြုပေးထားပါတယ်။
ပေါင် ၃၀၀,၀၀၀ တန်ကြေးရှိ Rolls-Royce Cullinan မော်တော်ကားကြီးကတော့ ဟာလန်းပိုင်ဆိုင်ထားတဲ့ မော်တော်ကားတွေအနက် အကောင်းဆုံးကားဖြစ်ပါတယ်။ ဒါ့အပြင် ဟာလန်းမှာ Range Rover Sport တစ်စီးနဲ့ Audi RS6 Avant တစ်စီးလည်း ရှိပါတယ်။ ဒီမော်တော်ကားတွေကတော့ တစ်စီးကို ပေါင် ၁၂၀,၀၀၀ စီ တန်ကြေးရှိပါတယ်။
ဟာလန်းရဲ့ကားဂိုဒေါင်ထဲမှာ ဈေးအသက်သာဆုံးမော်တော်ကားကတော့ ပေါင် ၉၀,၀၀၀ တန် Mercedes-AMG GLE Coupe ပဲဖြစ်ပါတယ်။
Rolls-Royce Cullinan (ပေါင် ၃၀၀,၀၀၀)
-------------------------
ဒီကားကတော့ ဟာလန်း ပိုင်ဆိုင်ထားတဲ့ မော်တော်ကားတွေထဲမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။
အခုမော်တော်ကားအမျိုးအစားက အားကစားကြယ်ပွင့်တွေအကြား ရေပန်းစားလူကြိုက်များပြီး ဘောလုံးကြယ်ပွင့် စီရော်နယ်ဒို၊ အမေရိကန်ဘောက်ဆင်အကျော်အမော် အန်ဒီရုဇ်တို့လည်း တစ်စီးစီ ပိုင်ဆိုင်ထားပါတယ်။
Rolls-Royce Cullinan က အလျား ၅ ဒဿမ ၃ မီတာ၊ အနံ ၂ ဒဿမ ၁ မီတာနဲ့ အမြင့် ၁ ဒဿမ ၈ မီတာရှိတဲ့ ကြီးမားတဲ့ကားအမျိုးအစား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ၂ ဒဿမ ၆ တန်ရှိ Cullinan အမျိုးအစားတွေမှာ စွမ်းဆောင်ရည်တွေ နည်းပါးနေလိမ့်မယ်လို့ ပြောလို့မရပါဘူး။
ဒီကားအမျိုးအစားမှာတပ်ဆင်ထားတဲ့ V12 အမျိုးအစားအင်ဂျင်က ငါးစက္ကန့်အတွင်း ၆၂ မိုင်အထိရောက်ရှိမယ့် အမြန်နှုန်းမျိုးကို ထုတ်ပေးသလို အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီလျှင် ၁၅၅ မိုင်အထိ စွမ်းဆောင်ရည်ရှိပါတယ်။
Range Rover Sport (ပေါင် ၁၂၀,၀၀၀)
-----------------------
ဟာလန်းရဲ့ နောက်ထပ်မော်တော်ကားတစ်စီးဖြစ်တဲ့ Range Rover Sport ကလည်း ထိပ်တန်းအဆင့်ရှိတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ ဒီကားမှာဆိုရင်လည်း လျှပ်စစ်အနှိပ်ခုံတွေနဲ့ သာယာနာပျော်ဖွယ်သံစဉ်တွေကို ထုတ်လွှင့်ပေးနိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာသုံး Meridian Sound System တို့ ပါဝင်ပါတယ်။
၂၀၁၈ ခုနှစ်ဆီ ပြန်သွားကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်ကြယ်ပွင့်တော်တော်များများက အခုကားအမျိုးအစားကို သုံးစွဲတာ မြင်တွေ့ရပါလိ့မ်မယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကားပါကင်မှာလည်း Range Rover Sport မော်တော်ကားတွေ ရပ်နားထားတာကို မြင်တွေ့ရပါမယ်။
Range Rover Sport ရဲ့ လုပ်အားနှုန်းကလည်း မယုံကြည်နိုင်စရာပါ။ ဒီမော်တော်ကားအမျိုးအစားက ၄ ဒဿမ ၃ စက္ကန့်အတွင်း မိုင် ၆၀ အထိ ရောက်ရှိနိုင်မယ့် အမြန်နှုန်းမျိုးကို ထုတ်ပေးနိုင်သလို အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီလျှင် ၁၇၆ မိုင်အထိ စွမ်းဆောင်နိုင်ပါတယ်။
Audi RS6 Avant (ပေါင် ၁၂၀,၀၀၀)
---------------------------------------
RS6 မော်တော်ကားက ဟာလန်းရဲ့လက်စွဲတော်ပါ။ ဂျာမန်မြေမှာ ဒေါ့မွန်အတွက် ကစားပေးစဉ်တုန်းကလည်း ဟာလန်းမှာ RS6 အနီရောင်မော်တော်ကားတစ်စီး ပိုင်ဆိုင်ခဲ့ဖူးပါတယ်။
မန်စီးတီးအတွက် ကစားပေးနေတဲ့ လတ်တလောကာလတွေမှာတော့ ရယ်ရွှင်ဖွယ်ကောင်းသလို ခေတ်မီဆန်းသစ်တဲ့ ကာဘွန်မီးခိုးရောင် RS6 နဲ့ မန်ချက်စတာမြို့မှာ လည်ပတ်နေတဲ့ ဟာလန်းကို မြင်တွေ့ရပါလိမ့်မယ်။ တကယ့်ကို မြန်ဆန်လွန်းတဲ့ ကားတစ်စီးပါ။ ၃ ဒဿမ ၅ စက္ကန့်အတွင်း မိုင် ၆၀ အထိ ရောက်ရှိနိုင်မယ့် မြန်နှုန်းမြင့်မော်တော်ကားအမျိုးအစား ဖြစ်ပါတယ်။
Mercedes-AMG GLE Coupe (ပေါင် ၉၀,၀၀၀)
---------------------------------
ဟာလန်းပိုင်ဆိုင်သမျှ မော်တော်ကားတွေထဲမှာ ဒီကားအမျိုးအစားက ဈေးအသက်သာဆုံးဖြစ်ပေမယ့် ဒီကားရဲ့စွမ်းဆောင်ရည်ကိုတော့ အညံ့ဆုံးလို့ မသတ်မှတ်စေချင်ပါဘူး။ ဒီ Mercedes ကားက SUV ကားကမ္ဘာမှာ ကျော်ကြားလှတဲ့ ဇိမ်ခံကားအမျိုးအစားဖြစ်ပါတယ်။ အရပ် ၆ ပေ ၄ လက်မ အမြင့်ရှိ တိုက်စစ်မှူးအတွက် သက်သောင့်သက်သာရှိနေဖို့ လိုအပ်ပြီး Mercedes-AMG GLE Coupe ကတော့ သူ့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် မော်တော်ကားအမျိုးအစားဖြစ်လို့ နေ့စဉ်သုံးစွဲနေတာကို မြင်တွေ့ရပါမယ်။
မန်စီးတီးလေ့ကျင့်ရေးကွင်းဆီ ဟာလန်းလာရောက်ချိန်တိုင်းမှာ ဒီကားနဲ့အတူ တွေ့မြင်ကြရပါလိ့မ်မယ်။
သူ့ရဲ့အမြန်နှုန်းက ၅ ဒဿမ ၂ စက္ကန့်အတွင်း မိုင် ၆၀ အထိ စီမံပေးနိုင်လို့ ဟာလန်းအနေနဲ့ လေ့ကျင့်ရေးကွင်းဆီ နောက်ကျဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                