ရာသီကုန်မှာ ခရစ္စတယ်ပဲလေ့စ်မှထွက်ခွာမယ့် အိုလီဗာဂလက်စ်နာ
အိုလီဗာဂလက်စ်နာက အခုဘောလုံးရာသီကုန်ဆုံးချိန်၊ ခရစ္စတယ်ပဲလေ့စ်အသင်းမှထွက်ခွာမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နည်းပြက စိန်ခေါ်မှုအသစ်နဲ့ရင်ဆိုင်လိုတဲ့ဆန္ဒအကြောင်း ကလပ်အသင်းဆီ အသိပေးထားပြီးပြီလို့ ဆိုပါတယ်။ ဂလက်စ်နာက “ ဆုံးဖြတ်ချက်တစ်ခုချမှတ်ထားတာ လပေါင်းများစွာကြာပါပြီ။
အောက်တိုဘာနိုင်ငံတကာသီတင်းပတ်အတွင်းမှာ အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်နဲ့ ကျွန်တော် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အချင်းချင်း စကားတွေအများကြီးပြောဖြစ်ပြီး စာချုပ်သစ်မချုပ်တော့ဘူးဆိုတာ သူ့ဆီ ကျွန်တော် ပြောပြခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဒီသဘောတူညီမှုကို လျှို့ဝှက်ထားတာ အကောင်းဆုံးပဲလို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်။ ဒီသဘောတူညီမှုကို သုံးလလောက် လျှို့ဝှက်ထားနိုင်တာ ကောင်းပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အရေးကြီးလာပါပြီ။ ပြီးတော့ ကျွန်တော်တို့မှာရှိနေခဲ့တဲ့ ပွဲစဉ်ဇယားကျပ်တည်းမှုကြောင့် ဒီအကြောင်းအရာကိုဆွေးနွေးဖို့ မလိုလားခဲ့ပါဘူး။ စတိဗ်ပါရစ်ရော၊ ကျွန်တော်ပါ ခရစ္စတယ်ပဲလေ့စ်အတွက် အကောင်းဆုံးဖြစ်လာဖို့ လိုလားကြပါတယ်”လို့ ပြောပါတယ်။