The network connection is lost.

Banner Image

ပီအက်စ်ဂျီစတားကို စိတ်ဝင်စားနေကြတဲ့ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းများ

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်စီးတီး ၊ ယူနိုက်တက် နဲ့ ချဲလ်ဆီးတို့ဟာ စာချုပ်သက်တမ်းတိုးဖို့မသေချာတဲ့ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာကို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ပြင်သစ်သတင်းဌာန L’Equipe ကတော့ အီတလီသားဂိုးသမားကို ချဲလ်ဆီး ၊ ယူနိုက်တက် နဲ့ မန်စီးတီးတို့က စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး ဒွန်နာရမ်မာရဲ့အနာဂတ်က မေးခွန်းထုတ်စရာတွေဖြစ်နေပါတယ်။
ဒါပေမယ့်လည်း နောက်ထပ်ပြင်သစ်သတင်းဌာနတစ်ခုကတော့ ကစားသမားကိုယ်တိုင်က ပြင်သစ်မြေမှာဆက်နေချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒ့ါအပြင် ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ပွဲအပြီးမှာ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။ အသက် ၂၆ နှစ်သားဟာ ၂၀၂၁ အေစီမီလန်ကနေ ပီအက်စ်ဂျီထံပြောင်းလာပြီးကတည်းက အောင်မြင်မှုတွေရယူထားနိုင်ခဲ့ကာ ၄ ရာသီအတွင်း ချန်ပီယံလိဂ်အပါအဝင် လိဂ်ဖလားတွေရယူထားနိုင်ခဲ့ပါတယ်။ အီတလီသားဟာ ယခင်တုန်းကလည်း အေစီမီလန်မှာ စာချုပ်သစ်ပယ်ချပြီး ပီအက်စ်ဂျီထံအလွတ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

လက်ရှိမှာ ဒွန်နာရမ်မာအနေနဲ့ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ကိုအာရုံစိုက်နေပြီး အဆိုပါပွဲအပြီးမှသာ စာချုပ်သက်တမ်းတိုးဖို့ကို လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ယခင်တုန်းကလည်း မီလန်မှာတုန်းက ထွက်ခွာဖူးတာကြောင့် အင်္ဂလန်မြေကိုလာရောက်ကာ စိန်ခေါ်မှုတွေရင်ဆိုင်ဖို့ဆိုတာ ဖြစ်လာနိုင်ချေရှိနေတာဖြစ်ပါတယ်။