
လီဗာပူးက အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ်ဆုဖလားကို ရရှိမယ်လို့ ယုံကြည်နေတဲ့ နဗီးလ်
လီဗာပူးဟာ မန်စီးတီးကို ဆာလက် နှင့် ဆိုဘိုစလိုင်တို့ရဲ့ ဂိုးများဖြင့် အနိုင်ရခဲ့ပြီးနောက် နဗီးလ်က အဆိုပါအနိုင်ရမှုကို ကြေငြာချက်တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် အာနီစလော့ရဲ့ အသင်းဟာ အာဆင်နယ်ကို ၁၁ မှတ်အသာဖြင့် ဦးဆောင်နေပြီဖြစ်သော်လည်း အာဆင်နယ်ထက် ၁ ပွဲ ပိုကစားထားပါတယ်။
ယူနိုက်တက်ဂန္တဝင် နဗီးလ်က လီဗာပူးတွင် ယုံကြည်မှုလွန်ကဲခြင်း မရှိဟု ပြောကြားခဲ့ပြီး အာဆင်နယ်ကို အခွင့်အရေးများ လက်လွတ်ခဲ့တယ်လို့လို့ ဝေဖန်ခဲ့ပါတယ်။ အာဆင်နယ်ဟာ စနေနေ့တွင် အိမ်ကွင်း၌ ဝက်စ်ဟမ်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒဏ်ရာများကြောင့် အဓိကကစားသမားများ မပါဝင်နိုင်ခဲ့ပါဘူး။ ထို့အပြင် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်အားဖြည့်တင်းခြင်းလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။
Sky Sports တွင် နဗီးလ်က "ကျွန်တော်ကတော့ လီဗာပူးမှာ ယုံကြည်မှုလွန်ကဲခြင်း မရှိဘူးလို့ မြင်တယ်။ သူတို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ် ထိန်းချုပ်မှုလည်း ရှိနေတယ်။ သူတို့က ဒီရာသီတစ်လျှောက်လုံး ကောင်းကောင်းလိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ခဲ့တယ်။ ဒဏ်ရာတွေကသာ စိုးရိမ်စရာပါ။ သူတို့နောက်က အသင်းက သူတို့အမှားကို စောင့်နေတယ်ဆိုပေမယ့် အာဆင်နယ်ကတော့ သူတို့နောက်က အသင်းကို စောင့်နေတာမဟုတ်ဘူး။ သူတို့က အခွင့်အရေးတွေ လက်လွတ်လိုက်တာပါ"
"ဒီလိုဖြစ်မှုတွေက လီဗာပူးဟာ အကြိမ် ၂၀ မြောက် ဆုဖလားကို ရရှိမယ်ဆိုတဲ့ ကောင်းကင်က မျက်နှာသာပေးမှုတွေပါ" "တစ်ခါတစ်ရံမှာ ပွဲတစ်ပွဲက ရောက်လာတတ်တယ် လီဗာပူးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း အမှတ်တွေ လက်လွတ်ခဲ့ရပါတယ် ၈ ပွဲအတွင်း ၄ ကြိမ် သရေကျခဲ့တယ် အာဆင်နယ်ကို အခွင့်အရေးပေးခဲ့တယ်။ ဒါပေမယ့် ပွဲတစ်ပွဲရောက်လာတဲ့အခါ သူတို့က ပွဲထွက်ပြီး ကြေငြာချက်တစ်ခု လုပ်ပြမယ်လို့ ထင်ရတယ် ဒီပွဲကလည်း အဲဒီလိုပွဲဖြစ်လာမယ်လို့ ထင်ရပါတယ်"
"လီဗာပူးကစားသမားတွေဟာ အာဆင်နယ် အမှတ်လျော့ခဲ့တာကို သိပြီး ပျော်နေကြမယ် ဒါကို အလကားရတာလို့ မထင်မိပါဘူး ဒီမှာ ချန်ပီယံဆုဖလားကို ရနိုင်တယ်လို့ ထင်နေကြမှာပါ" "သူတို့ဟာ အတော်လေး အတွေ့အကြုံရှိတယ် ချန်ပီယံဆုရမယ့် အသင်းတစ်သင်းလို ပညာရှိတဲ့အတွက် စိတ်မပူမိပါဘူး" လို့ ပြောပါတယ်။
လီဗာပူးဟာ ပရီးမီးယားလိဂ်တွင် ကစားရန် ၁၁ ပွဲကျန်နေပြီး ပထမဆုံးပွဲအနေဖြင့် နယူးကာဆယ်ကို ဗုဒ္ဓဟူးနေ့တွင် အိမ်ကွင်မှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ စလော့ရဲ့ အသင်းဟာ သူ့ရဲ့ ပထမဆုံးရာသီတွင် အလွန်ထင်ရှားခဲ့ပြီး ယခုအခါ ချန်ပီယံဆုကို ရယူရန် စိတ်ပိုင်းဖြတ်ထားပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၂-၁၃ ရာသီတွင် ၂၀ ကြိမ်မြောက် ချန်ပီယံဆုကို ရရှိခဲ့သော်လည်း လီဗာပူးက ၎င်းတို့ရဲ့ စံချိန်ကို လိုက်မီပါက ယူနိုက်တက်တို့အဖို့ စိတ်ပျက်စရာတော့ ဖြစ်မှာပါ။
လီဗာပူးတွင် အာဆင်နယ်၊ ချဲလ်ဆီး နှင့် တော့တင်ဟမ်တို့နှင့် ကစားရန် အရေးကြီးပွဲများ ကျန်ရှိနေသေးသော်လည်း ချန်ပီယံဆုကို ရယူရန် ယုံကြည်မှုရှိနေပါတယ်။ လက်ရှိရာသီတွင် လီဗာပူးအတွက် ဆုဖလားများထပ်မံရရှိနိုင်အုံးမှာဖြစ်ပြီး သူတို့ဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲသို့ ရောက်ရှိနေပြီး နယူးကာဆယ်နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ရဲ့ ၁၆ သင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ပီအက်စ်ဂျီကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။