The network connection is lost.

Banner Image

မန်စီးတီးရဲ့ ဆုဖလားကာကွယ်မှုက ပြီးဆုံးသွားပြီဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ဖိုဒန်

အင်္ဂါနေ့က ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နှင့်ပွဲမှာ နောက်ကျဂိုးပေးလိုက်ရပြီးနောက် မန်စီးတီးရဲ့ ဆုဖလားကာကွယ်မှုဟာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ဖိုဒန်က ယုံကြည်နေပါတယ်။ အဆိုပါပွဲမှာ ဖိုဒန်က မန်စီးတီးအတွက် ဦးဆောင်ဂိုး ၂ဂိုး သွင်းယူပေးခဲ့ပေမယ့် ဝစ်ဆာ နှင့် နော့ဂရက်တို့ရဲ့ နောက်ကျဂိုးတွေကြောင့် သရေကျခဲ့တာဖြစ်ပါတယ်။

မန်းစီးတီးဟာ လက်ရှိရာသီအတွင်း ဆုဖလားရရှိမှုအနေအထားကနေ ၁၄ မှတ် ကျဆင်းခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာရဲ့လက်ထက် အမှတ်အများဆုံး လျော့နည်းခဲ့မှုက ၂၀၂၀-၂၁ နှင့် ၂၀၂၂-၂၃ ရာသီတွင် ၁၃ မှတ်သာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ သရေကျခဲ့တာကြောင့် မန်းစီးတီးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပဲလေ့စ်နှင့် ၂-၂ ဂိုး သရေပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂ ဂိုး နှင့် ၂ ဂိုး အထက်ဖြင့် ဦးဆောင်ပြီးမှ နိုင်ပွဲမရရှိခဲ့တာဖြစ်ပါတယ်။

"ဆုဖလားပြိုင်ဆိုင်မှုလား။ ဒါကတော့ပြီးဆုံးသွားခဲ့ပြီဆိုတာသေချာပါတယ်" လို့ အသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါ ဖို့ဒန်က ဖြေကြားပါတယ်။ "ကျနော်တို့က ရူးသွပ်နေတဲ့သူတွေမဟုတ်ပါဘူး။ ဒါကြောင့် ထိပ်ဆုံး ၄ သင်း အတွင်းဝင်ရောက်ဖို့အတွက်ကြိုးစားသွားမှာပါ။ အသင်းရဲ့နောက်ထပ်ပစ်မှတ်ကတော့ ချန်ပီယံလိဂ် ဝင်နိုင်ဖို့ပါ" "ကျနော်တို့က လက်တွေ့ဆန်ရမှာပါမဟုတ်ဘူးလား။ ဒီနေရာကိုရောက်ဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိနေပါဘူး"

"လက်ရှိနဲ့နောက်ထပ်ရည်ရွယ်ချက်ကတော့ ထိပ်ဆုံး ၄ သင်းအတွင်းဝင်ရောက်ဖို့ပါ။ ဒါကိုသေချာဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ" လို့ ဖိုဒန်က ပြောပါတယ်။ မန်စီးတီးရဲ့ ဆိုးရွားတဲ့ရလဒ်က ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက တော့တင်ဟမ်ကို ၂-၁ ဂိုး ဖြင့် EFL ဖလားမှာ ရှုံးနိမ့်ပြီး စခဲ့ရတာပါ။ အဲဒီပွဲပြီးနောက် မန်းစီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲတွင် ၁ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ နှစ်သစ်ရဲ့ ပထမဆုံး ၃ ပွဲ စလုံးကို ရှုံးနိမ့်ခြင်းမရှိထားတဲ့ အသင်းဖြစ်ပါတယ်။ သို့သော်လည်း ဆုဖလားရရှိဖို့အတွက် လုံလောက်တက်ခြေစွမ်းပြသမှုမျိုးမရှိနေတာပါ။ "ပွဲတော်တော်များများကို ရှုံးနိမ့်ပြီး ဒီလိုအခြေအနေမျိုးကို ကျနော် မကြုံဖူးပါဘူး" "ဒါကြောင့် အခုလိုအခြေနေက သင်ယူမှုတစ်ခုဖြစ်ပြီးတော့ အကောင်းဆုံးပြန်လာရမှဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ ဘယ်လိုပြန်လာမလဲဆိုတာပါပဲ"

"ကျနော်ယုံကြည်ပါတယ် အသင်းကို ကျွန်တော်ယုံကြည်နေတုန်းပါပဲ ကောင်းမွန်တဲ့အရာတွေကိုလုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်" "လေ့ကျင့်ရေးကွင်းကိုပြန်လာပြီး အဲဒီယုံကြည်ချက်အတိုင်းဆက်သွားရမှာပါ" "ပြီးခဲ့တဲ့ရာသီအနည်းငယ်မှာ ကျွန်တော်တို့ကအကောင်းဆုံးဖြစ်ခဲ့ပြီး ပြိုင်ဖက်တွေနဲ့ရင်ဆိုင်ရတဲ့အခါ သူတို့က ဘယ်လောက်အထိ ခံနိုင်ရည်စွမ်းရှိလဲဆိုတာကိုသိပါတယ်" "ပိုကောင်းမလာခဲ့ဘူးဆိုရင်တောင် ကျနော်တို့က အကောင်းဆုံးကြိုးစားရမှာပါ။ လက်ရှိအချိန်မှာတော့ အနည်းငယ်လျှော့ပါမှုတွေရှိနေပါတယ်" လို့ ဖိုဒန်က ပြောပါတယ်။