
ဒဏ်ရာပြဿနာများနေတဲ့ အာတီတာအတွက် စာနာမပေးနိုင်ကြောင်း အခိုင်အမာပြောကြားလာတဲ့ ဂယ်ရီနဗီးလ်
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က အာတီတာရဲ့အသင်း ဒဏ်ရာပြဿနာများပြားနေတာကို စာနာမပေးနိုင်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပထမရာသီဝက်မှာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပြီး တိုက်စစ်မှာ ဆာကာ ၊ ဂျီးဆပ်စ်မပါပဲ ကန်ခဲ့ရသလို အခုလည်း ဟာဗက်ဇ်ကော မာတီနယ်လီပါ ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၂၄ - ၂၅ ရာသီမှာ အစကောင်းခဲ့ပေမယ့် အခုချိန်မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ဆုဖလားအိပ်မက်က ဝေဝါးလာခဲ့ပါတယ်။
အဆိုပါအခြေအနေနဲ့ရင်ဆိုင်နေရပေမယ့်လည်း နဗီးလ်က အာဆင်နယ်အတွက် စာနာမပေးနိုင်ကြောင်း ပြောကြားခဲ့သလို အာဆင်နယ်ရဲ့အပြောင်းအရွှေ့ပေါ်လစီကိုပါ ဝေဖန်ခဲ့ပါတယ်။ အာဆင်နယ်မှာဒဏ်ရာပြဿနာတွေရှိနေပေမယ့် အသင်းဘက်က ဆောင်းရာသီဈေးကွက်မှာ ကစားသမားခေါ်ယူမှုမလုပ်ခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးမှာ နဗီးလ်က “သူတို့ တစ်စုံတစ်ခုလုပ်သင့်နေပါပြီ။ ကြည့်လိုက်ပါတယ်။ ကျွန်တော် တော့တင်ဟမ် နဲ့ ယူနိုက်တက်ပွဲမတိုင်ခင် ပြောခဲ့ပါတယ်။ ကျွန်တော် အာဆင်နယ်အတွက် အနည်းငယ်စာနာပေးနိုင်ပါတယ်။
သူတို့ရာသီအစတုန်းက တိုက်စစ်မှူး နည်းနည်းပဲရှိတယ်ဆိုတာ သိထားပြီးသားပါ။ သူတို့ သိတယ်ဆိုပေမယ့် အခုတော့ ကိုင်ဟာဗက်ဇ်ဒဏ်ရာရခဲ့ပါပြီ။ တိုက်စစ်နေရာမှာ အရည်အချင်းပြည့်ဝတဲ့ကစားသမားမျိုးမရှိဘူးဆိုတာ သူတို့သိပြီးသားပါ။ သူတို့မှာ ပြိုင်ပွဲ ၂ ခုပဲကျန်ပါတော့တယ်။ ပြီးတော့ သူတို့က အတွေ့အကြုံမရှိတဲ့အသင်းမဟုတ်တော့ပါဘူး။ နည်းပြလည်းအတူတူပါပဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့အသင်းမဟုတ်တော့ပါဘူး။
ကျွန်တော် အမြဲပြောသလို သူတို့ ဒီအခြေအနေတွေအတွက် ရာသီအစကတည်းက ပြင်ဆင်သင့်ပါတယ်။ ဒါမျိုးတွေက ဖြစ်လာတတ်ပါတယ်။ တိုက်စစ်မှာ လူအင်အားမရှိဘူးဆိုတာသိရင် ခေါ်ယူမှုလုပ်ရပါမယ်။ အဲ့တာကို နွေရာသီတုန်းက မလုပ်ခဲ့သလို ဇန်နဝါရီမှာလည်း မလုပ်ခဲ့ပါဘူး။ အခုတော့ သူတို့ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ အာတီတာမှာ တိုက်စစ်အတွက် စတာလင် ၊ ထရိုဆက် နဲ့ နွမ်နီရီတို့ကိုသာ အားကိုးစရာရှိနေပြီး လာမယ့်စနေနေ့မှာ ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်စတာနဲ့ပွဲမှာတော့ မာရီနိုကြောင့် အာဆင်နယ်အနေနဲ့ အဖိုးတန်အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။