စတုဂတ်အသင်းခေါင်းဆောင် အန်တန်ကို ခေါ်ယူလိုက်တဲ့ ဒေါ့မွန်
ဒေါ့မွန်ဟာ ဘွန်ဒက်စ်လီဂါပြိုင်ဘက် စတုဂတ်ရဲ့ အသင်းခေါင်းဆောင် ဝယ်လ်ဒီမာအန်တန်ကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
အသက်-၂၇ နှစ်အရွယ် နောက်ခံကစားသမားဟာ ဒေါ့မွန်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးမှာ ယူရို ၂၂.၅ သန်း ဖြစ်တယ်လို့သိရပါတယ်။ ဥဇဘက်ကစ္စတန်နွယ်ဖွား အန်တန်ဟာ မကြာသေးမီက ဂျာမနီလက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး မတ်လမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့ကာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ၂ ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယနဲ့ကျေနပ်ခဲ့ရတဲ့ ဒေါ့မွန်ဟာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ နောက်ခံလူ မက်စ်ဟမ်းမဲနေရာမှာ ကစားသမားသစ် အစားထိုးဖို့ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ အန်တန်ဟာ လက်ရှိဒေါ့မွန်နည်းပြသစ် နူရီဆာဟင်အတွက် ပထမဆုံး ကစားသမား ခေါ်ယူမှုလည်းဖြစ်ပါတယ်။