The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ပွဲမှာ ပြုလုပ်နိုင်ခဲ့တဲ့ လူကျွံထောင်ချောက်က ၂၀၂၃-၂၄ ရာသီမှာ သူ့အတွက် အားရစရာအကောင်းဆုံးလုပ်ရပ်ဖြစ်ခဲ့တယ်လို့ ဆိုလာတဲ့ ဂါဘရီရယ်

အာဆင်နယ်ကြယ်ပွင့်နောက်ခံလူ ဂါဘရီရယ်မက်ဂယ်ဟေးစ်က ၂၀၂၃-၂၄ ရာသီမှာ သူ့အတွက် အားရစရာအကောင်းဆုံးလုပ်ရပ်တစ်ခုက ယူနိုက်တက်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ပြုလုပ်ခဲ့တဲ့ လူကျွံထောင်ချောက်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

ဒါ့အပြင် ဘရာဇီးလက်ရွေးစင်ကစားသမားက ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါလျှို့ဝှက်ချက်မှာ နောက်ခံလူဟာ အာဆင်နယ်သို့ပြန်မရောက်ခင် ၂၀၂၀ ခုနှစ်မှာ အဲဗာတန်သို့ရောင်းချခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုလျှို့ဝှက်ချက်တွေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဂါဘရီရယ်ဟာ ဘရာဇီးယူကျုချန်နယ်တစ်ခုနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး နောက်ခံလူက သူ့ရဲ့ ပြိုင်ဆိုင်ရအခက်ခဲဆုံး ပရီးမီးယားလိဂ်ကစားသမားက မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်း ဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါသေးတယ်။

အာဆင်နယ်နဲ့ ဂါဘရီရယ်တို့ဟာ နောက်ထပ်တစ်ကြိမ် ခက်ခဲတဲ့ရာသီနဲ့ ကြုံတွေ့ခဲ့ရပြီး အမှတ်ပေးပြိုင်ပွဲမှာ မန်စီးတီးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ပရီးမီးယားလိဂ်ဆုဖလားနဲ့ လွဲချော်ကာ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဆုဖလားအောင်မြင်မှုမှာလည်း အာတီတာရဲ့အသင်းဟာ ဆုဖလားကြီးကြီးမားမားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိဘဲ ကွန်မြူနတီဒိုင်းကိုသာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သို့သော်လည်း ဂါဘရီရယ်ကတော့ အသင်းမှာ အပြုသဘောဆောင်တဲ့အရာတွေ ရှိနေသေးတယ်လို့ ယုံကြည်နေပြီး ယခုအခါမှာလည်း စက်တင်ဘာလက ယူနိုက်တက်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြုလုပ်ခဲတဲ့ သူ့ရဲ့ လူကျွံထောင်ချောက်က ဂျီးနီးယက်စ်ဆန်တယ်လို့ ဆိုလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်အတွင်း ၁-၁ နဲ့သရေကျနေချိန် ပွဲကစားချိန် ၈၈ မိနစ်မှာ ယူနိုက်တက်တိုက်စစ်မှူး ဂါနာချိုက ယူနိုက်တက်အတွက် အနိုင်ရစေမယ့် သွင်းဂိုးကိုသွင်းယူပေးနိုင်ခဲ့ပေမယ့် ဂါဘရီရယ်ရဲ့ပါးနပ်မှုကြောင့် လူကျွံဘောသာဖြစ်ခဲ့ပါတယ်။ 

ဂါဘရီရယ်ဟာ လူကျွံထောင်ချောက်ကို ချိန်သားကိုက်ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ထို့နောက် အချိန်ပိုမိနစ်မှာတော့ အာဆင်နယ်က ယူနိုက်တက်ဘက်ကို ၂ ဂိုးဆက်တိုက် သွင်းယူပြီး ၃-၁ နဲ့နိုင်ပွဲရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်နဲ့ပတ်သက်ပြီး တန်ဟက်က “ကျွန်တော်တို့အနေနဲ့ ပြစ်ဒဏ်ဘောတွေ အများအပြားရခဲ့သင့်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဘက်က ဂါနာချိုဂိုးသွင်းခဲ့ပေမယ့် ခွင့်မပြုခဲ့ပါဘူး။ သူတို့ဘက်က ဂိုးပြန်သွင်းတော့ ခွင့်ပြုခဲ့ပါတယ်။ ဒီလို အခိုက်အတန့်တွေက အသင်းတွေ အတွက် အကူအညီဖြစ်စေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ ဒီလိုမျိုးတစ်ခါမှ အကူအညီမရခဲ့ပါဘူး။ ကျွန်တော်တို့ ၈၇ မိနစ်မှာ ဂိုးသွင်းခဲ့ပြီး ဒီဂိုးကိုသာ ခွင့်ပြုခဲ့မယ်ဆိုရင် အာဆင်နယ်ကိုအနိုင်ရပြီး အသင်းအနေနဲ့ အားပိုတက်လာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။