The network connection is lost.

Banner Image

အနာဂတ်အခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ လီဗာပူးစတား

လီဗာပူးစတား လူးဝစ်ဒီယက်ဇ်က သူ့အနေနဲ့ အန်ဖီးလ်မှာ အရမ်းပျော်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဘာစီလိုနာ နဲ့ ဘိုင်ယန်တို့က စိတ်ဝင်စားနေတာကို စစ်ဆေးနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသင်းတော်တော်များများက စိတ်ဝင်စားနေတဲ့အပေါ် သူ့အနေနဲ့ ဆန်းစစ်နေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ကိုလံဘီယာသားဟာ ပြီးခဲ့တဲ့ရာသီလီဗာပူးအသင်းချန်ပီယံဖြစ်ရေးမှာ ၁၃ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေချိန်မှာ လီဗာပူးအသင်းဘက်က ဒီယက်ဇ်ကို လက်မလွှတ်ချင်ဖြစ်နေပါတယ်။ ဘာစီလိုနာအသင်းက ဒီယက်ဇ်ကိုခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် ဘိုင်ယန်က ကစားသမားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ဖို့ တိုးတက်မှုရှိနေပါတယ်။

အသက် ၂၈ နှစ်သားကတော့ သူ့အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့ ဒီနေရာမှာရှိနေသလို ဆွေးနွေးမှုတွေလုပ်နေပါတယ်။ ကျွန်တော်တို့အတွက်ကော အသင်းအတွက်ပါ ဘာတွေအောင်မြင်နိုင်မလဲဆိုတာကို စောင့်ကြည့်ချင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ချမှာပါ။ ဆွေးနွေးမှုတွေ ဆက်လုပ်နေသလို အသင်းနဲ့လည်း စကားပြောနေပါတယ်။ အားလုံးက ကျွန်တော်တို့ကို ချဉ်းကပ်နေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာမှာ အရမ်းပျော်နေတယ်ဆိုတာပဲ ပြောချင်ပါတယ်။ အခုတော့ အကောင်းဆုံးအဖြေတစ်ခုရအောင် ကြိုးစားနေပါတယ်”လို့ ဒီယက်ဇ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပေမယ့်လည်း စပိန်ကလပ်အနေနဲ့ ဘဏ္ဍာရေးပိုင်းအခြေအနေကြောင့် မှတ်ပုံတင်နိုင်ဖို့ အခက်အခဲဖြစ်နိုင်ဖွယ်ရှိနေပါတယ်။