The network connection is lost.

Banner Image

ကမ္ဘာ့အဆင့်ကစားသမားအဖြစ် သတ်မှတ်ခံရဖို့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောဆိုလာခဲ့တဲ့ ဖိုဒန်

မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ်ဖိုဒန်က သူ့ကို ကမ္ဘာ့အဆင့်ကစားသမားလို့ မသတ်မှတ်ခင်မှာ လိုအပ်ချက်တွေရှိနေသေးကြောင်း ဝန်ခံခဲ့ပြီး တိုးတက်မှုတွေပြုလုပ်သွားရဦးမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်မှာ ဖိုဒန်က “ကျွန်တော့်ကို ကမ္ဘာ့အဆင့်မီကစားသမားတစ်ယောက်ဖြစ်နေပြီလို့ ပြောလို့မရသေးပါဘူး။ ဖြစ်နိုင်ချေရှိတယ်လို့ထင်ရပေမယ့် မန်နေဂျာဆီက ဒီလိုစကားမျိုးကြားရတာ ဝမ်းသာမိပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး တိုးတက်အောင် ကြိုးစားရဦးမှာဖြစ်ပြီး လိုအပ်ချက်တွေလည်း ရှိနေတုန်းပါ။ ပွဲကြီးပွဲကောင်းတွေမှာ ဆက်တိုက်ခြေစွမ်းပြနိုင်ဖို့ ကြိုးစားရပါမယ်”

“ကမ္ဘာ့အဆင့်မီကစားသမားဖြစ်ဖို့ဆိုရင် နှစ်တွေအကြာကြီး ခြေစွမ်းကောင်းကို ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။ လက်ရှိရာသီကို ကောင်းကောင်းဖြတ်သန်းထားနိုင်ပြီး အခုလိုအနေအထားကိုလည်း သဘောကျပါတယ်။ ဒါကြောင့် ဒီအခြေအနေကို ဆက်ထိန်းသွားပါမယ်”“ဒီရာသီက ကျွန်တော့်အတွက် အကောင်းဆုံးရာသီဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရာသီမှာ အသင်းနဲ့လိုက်လျောညီထွေရှိတဲ့ပုံစံကို အပြည့်အဝပြသထားနိုင်လို့ပါ။ နေရာအသစ်တွေမှာကစားရလည်း ခြေစွမ်းပြနိုင်ပြီး အတွင်းပိုင်းနဲ့ ကွင်းလယ်ပိုင်းတွေမှာ ကစားရတာက ပျော်ဖို့ကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိပရီးမီးယားလိဂ်မှာ မန်စီးတီးဟာ လီဗာပူး၊ အာဆင်နယ်တို့နဲ့အတူ ချန်ပီယံဆုဖလားကိုအပြိုင်ရဖို့ ကြိုးစားနေပြီး အမှားလုပ်လို့မရတဲ့ အခြေအနေဖြစ်ပါတယ်။ ဆက်လက်ပြီး ချန်ပီယံဆုအတွက် မန်စီးတီးဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိနေကြောင်းကို ဖိုဒန်က “ဒီပြိုင်ပွဲအနိုင်ရဖို့ အသည်းအသန်ကြိုးစားရမှာပါ။ ပရိသတ်တွေအနေနဲ့လည်း ဘယ်လိုခံစားနေရမလဲ သိပါတယ်။ မတ်လက ဒီရာသီမှာ ပရီးမီးယားလိဂ်ကို ဘယ်အသင်းက ဆွတ်ခူးသွားမယ်ဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးဆုံးလပါပဲ” လို့ပြောကြားခဲ့ပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိယူနိုက်တက်နဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်အပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။