
သူ့လိုကစားသမားတွေ ကျွန်တော်တို့ လိုအပ်တယ်လို့ ပြောကြားကာ မေဆန်မောင့်ကို ထောက်ခံကြောင်း ပြသလိုက်တဲ့ အာမိုရင်
"ကျွန်တော်တို့ မေဆန်မောင့်လို ကစားသမားတွေ လိုအပ်ပါတယ်။ သူက အရန်ခုံမှာ ရှိနေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ သူ့ကိုရော တခြားကစားသမားတိုင်းကိုရော ကျွန်တော်တို့ လိုအပ်ပါတယ်။ သူ ကြံ့ခိုင်မှုပြည့်ရင် သူ့ကို ခေါ်ပါမယ်။ သူက ပွဲကစားချိန်မိနစ်အများကြီး မရှိပေမယ့် မေဆန်မောင့်ရဲ့ ၅ မိနစ်က ပြီးပြည့်စုံပါတယ်" လို့ အာမိုရင်က ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာဒါဘီမှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီး ဒီဇင်ဘာလကတည်းက နားနေရပေမယ့် ဒီရက်သတ္တပတ်အစောပိုင်းမှာ ပထမအသင်းလေ့ကျင့်ရေးကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အင်္ဂလန်သားဟာ ၂၀၂၃ ခုနှစ်မှာ ချဲလ်ဆီးကနေ ပေါင် ၅၅ သန်းနဲ့ ခေါ်ယူပြီးနောက် ဒဏ်ရာများစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒုတိယရာသီကို ဖြတ်သန်းနေရပေမယ့် မောင့်ကို အပြည့်အဝယုံကြည်တယ်လို့ အာမိုရင်က အခိုင်အမာပြောကြားခဲ့ပါတယ်။
"မေဆန်မောင့်ကို ကျွန်တော် တကယ်သဘောကျပါတယ်။ သူ့ကို မြင်ပြီး သူဘယ်လောက်ခံစားခဲ့ရလဲဆိုတာ ကျွန်တော် သိပါတယ်။ သူ့ရဲ့ အရာအားလုံးကို မှန်ကန်စွာ လုပ်ဆောင်ပုံ စားသောက်ပုံကို ကျွန်တော် သိပါတယ်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာက ပြီးပြည့်စုံပါတယ်"
"သူက အလွန်အကျွံ ကြိုးစားနေပါတယ်။ သူက အရာအားလုံးအကြောင်းကို အလွန်အကျွံ စဉ်းစားနေတာ ဖြစ်နိုင်ပါတယ်။ သူက ဥရောပချန်ပီယံတစ်ဦးပါ။ သူက ပါရမီရှင်တစ်ဦးပါ။ ကစားသမားတစ်ဦးက သူလုပ်သလို အရာအားလုံးကို လုပ်ဆောင်တဲ့အခါ ဒီမှာရှိတဲ့ လူတိုင်းရဲ့ ထောက်ခံမှုကို အမြဲတမ်း ရရှိမှာပါ။လုပ်ဆောင်မှုကို စီမံခန့်ခွဲဖို့ ကြိုးစားပါမယ်။ အချိန်ကြာလာတာနဲ့အမျှ ပြဿနာတွေ အများကြီးရှိခဲ့တဲ့ ကစားသမားတွေကို သင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ကြံ့ခိုင်နေနိုင်ပါတယ်။ မေဆန် မောင့်ကို ကျွန်တော် အများကြီး ယုံကြည်ပါတယ်" လို့ သူက ပြောပါတယ်။
ဆိုစီဒက်နှင့်ပွဲမှာ အသင်းရဲ့အကောင်းဆုံး တိုက်စစ်ကစားပုံကို ပြသပြီးနောက် ယူနိုက်တက်အသင်းကို အာမိုရင်က ချီးကျူးခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဟက်ထရစ်ကြောင့် ယူနိုက်တက်အသင်းက လာမယ့်လမှာ လိုင်ယွန်နဲ့ ကွာတားဖိုင်နယ်ကို ကစားရမှာဖြစ်ပါတယ်။
"ပြီးခဲ့တဲ့ပွဲတွေမှာ ကျွန်တော်တို့ လုပ်ချင်တဲ့အရာကို ပိုကောင်းအောင် နားလည်လာတယ်လို့ ခံစားရပါတယ်။ ပွဲတွေအတွက် အစီအစဉ်ကို နားလည်ရာမှာ ပိုကောင်းပါတယ်။ ဂိုးခွင့်ပြုပြီး စိတ်ပျက်ပြီး နောက်ထပ်ဂိုးခွင့်ပြုတာမျိုး မဟုတ်ပါဘဲ ပွဲတွေကို အနိုင်ရဖို့ ဒါမှမဟုတ် သရေကျဖို့ အသင်းကို အချိန်ပိုပေးနေပါတယ်"
"ပွဲရဲ့အခိုက်အတန့်တွေကို နားလည်နေပါတယ်။ ကျွန်တော်တို့ ကစားချင်တဲ့နည်းလမ်းကိုလည်း ပိုကောင်းအောင် နားလည်နေပါတယ်" လို့ အမ်မိုရင်က ထပ်လောင်းပြောပါတယ်။ ယူနိုက်တက်က အဆင့် ၁၄ နေရာမှာရှိတဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို မေ့ထားဖို့ အမ်မိုရင်က သူ့ကစားသမားတွေကို တောင်းဆိုခဲ့ပြီး ၁၉ နေရာမှာရှိတဲ့ လက်စတာကို သွားရောက်ကစားဖို့ ရှိနေပါတယ်။
"အရာအားလုံးက အရေးကြီးပါတယ်။ ပွဲတွေအနိုင်ရနိုင်တယ်ဆိုတဲ့ ခံစားချက်နဲ့ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပြီးတော့ ပွဲတွေက တစ်ပွဲပြီးတစ်ပွဲ ဆက်ကစားရမှာပါ။ နောက်တစ်ပွဲအတွက် ပြင်ဆင်ဖို့ အနားယူချိန် ဒါမှမဟုတ် အချိန်က အရေးမကြီးပါဘူး။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ဒါကိုလည်း အာဆင်နယ်နဲ့ပွဲမှာ ပြသခဲ့ပါတယ်"
"ကျွန်တော်တို့က နှိမ့်ချပြီး အမှတ်ပေးဇယားကို မေ့ထားရပါမယ်။ ရီးရဲလ်ဆိုစီဒက်ကို ရင်ဆိုင်ခဲ့သလို လက်စတာကို ရင်ဆိုင်ရပါမယ်။ အမှတ်ပေးဇယားမှာ ကျွန်တော်တို့ရဲ့နေရာကို တိုးတက်ဖို့ အနိုင်ရဖို့ လိုပါတယ်။ အရေးကြီးဆုံးအရာက အနိုင်ရရှိတဲ့ ခံစားချက်နဲ့ အသင်းအဖြစ် တိုးတက်နေတယ်ဆိုတဲ့ ခံစားချက်နဲ့ ဆက်လက်လုပ်ဆောင်ဖို့ပါ" လို့ အာမိုရင်က ပြောပါတယ်။