
တာစတီဂန် နှင့် အရေးပေါ် ဆွေးနွေးမယ့် ဟန်စီ ဖလစ်ခ်
ဟန်စီ ဖလစ်ခ်ဟာ နံပါတ်တစ် နေရာအတွက် ဆက်လက် တိုက်ပွဲဝင်လိုနေတဲ့ ဝါရင့် ဂိုးသမား မာ့ခ်အန်ဒရေ တာစတီဂန် နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်နေပါတယ်။
Football Espana ရဲ့ သတင်းများအရ ဘာစီလိုနာ က အက်စ်ပန်ညိုဂိုးသမား ဂျိုအန်ဂါစီယာ ကို ယူရို ၂၅ သန်းဖြင့် ခေါ်ယူကြောင်း ကြေညာပြီးနောက် တာစတီဂန်ဟာ ၎င်းရဲ့ မန်နေဂျာနှင့် အနာဂတ်အတွက် မည်သို့ဖြစ်မည်ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကလပ်က အသက် ၃၃ နှစ်အရွယ် တာစတီဂန်အား နံပါတ်တစ်အဖြစ် အစားထိုးလိုကြောင်း အသိပေးခြင်း မရှိခဲ့ဟု သတင်းများက ဖော်ပြပြီး ဂျာမန် ဂိုးသမားဟာ သူ့ရဲ့နေရာအတွက် ဆက်လက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။
တာစတီဂန် က ကာတာလန်အသင်းတွင် ၁၁ နှစ်ကြာ ကစားခဲ့ပြီး ကလပ်မှ ထွက်ခွာရမည့်အချိန် ဖြစ်လာပါက ပိုမိုကောင်းမွန်တဲ့ အဆုံးသတ်ကို မျှော်လင့်တာ ဖြစ်ပါတယ်။ ငါးကြိမ်တိုင်တိုင် ဥရောပချန်ပီယံများ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးပြဿနာက ဆက်လက်ရှိနေခြင်းကြောင့် ဘာစီလိုနာဟာ ဂျာမန်ကစားသမားကို လုပ်ခလစာ ပေးချေရမှု စာရင်းမှ ဖယ်ရှားလိုဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။
တာစတီဂန်ဟာ ဘာစီလိုနာအတွက် ၄၂၂ ပွဲ ကစားခဲ့ပြီး ၂၀၁၅ ခုနှစ်က ဘာစီလိုနာရဲ့ နောက်ဆုံး ချန်ပီယံလိဂ် အနိုင်ရရှိမှုတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် လာလီဂါကလပ်ဟာ နောက်ထပ် ခေတ်သစ်ကို စတင်ရန် ကြိုးစားနေပြီး ဂိုးပေါက်တွင် မျက်နှာသစ်တစ်ဦး ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။
တာစတီဂန် နှင့် ဘာစီလိုနာ အကြား ယခုနွေရာသီတွင် လမ်းခွဲဖို့ သဘောတူညီမှု ရရှိပါက မိုချန်ဂလာဘက်ကစားသမားဟောင်းဟာ သူ့ရဲ့ နောက်ထပ် အခန်းကဏ္ဍက မည်သည့်နေရာတွင် ရှိနေမည်ကို ဆုံးဖြတ်ချက် ချမှတ်ရမှာ ဖြစ်ပါတယ်။ စာချုပ်သစ်တစ်ခု သဘောတူညီပြီး တာစတီဂန် အား ၎င်း၏ နေရာအတွက် တိုက်ပွဲဝင်ခွင့် ပေးအပ်ပါက ဘာစီလိုနာက လျှော့ချထားတဲ့ စည်းကမ်းချက်များအောက်တွင် ဖြစ်ရမည်ဟု တောင်းဆိုနိုင်ပါတယ်။