The network connection is lost.

Banner Image

ကန်ဆယ်လိုကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ပြောကြားလာတဲ့ ဟန်ဆီဖလစ်ခ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က အသင်းဟာ ‌ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ကြယ်ပွင့်ကစားသမား ဂျာအိုကန်ဆယ်လိုကိုခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ ယခင်က ဘာစီလိုနာမှာကစားခဲ့ဖူးတဲ့ ကန်ဆယ်လိုဟာ ဆော်ဒီမြေမှထွက်ခွာပြီး ဥရောပသို့ပြန်လာဖို့အတွက် ဆန္ဒပြင်းပြနေပြီး ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာဟာ ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်သွားရမယ့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ဆော်ဒီအာရေဗျသို့ရောက်ရှိနေတာကြောင့် နည်းပြဖလစ်ခ်အနေနဲ့လည်း ကန်ဆယ်လိုကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားနိုင်ချေရှိပါတယ်။

ဖလစ်ခ်က "ကျွန်တော့်ရဲ့ဝန်ထမ်းတွေနဲ့ စကားပြောခဲ့ပါတယ်။ တကယ်လို့ ရော်နယ်အရူဂျိုပြန်လာမယ်ဆိုရင် အသင်းရဲ့ဗဟိုခံစစ်မှာ ရွေးချယ်စရာတွေများလာမှာပါ။ လောလောဆယ်မှာ ကန်ဆယ်လိုကိုခေါ်ယူဖို့အတွက်တော့ မပြီးပြတ်သေးပါဘူး။ ဒါပေမယ့် သူ့ကိုခေါ်နိုင်လိုက်ရင် ကျွန်တော်အရမ်းဝမ်းသာမှာပါ။ သူသာရောက်လာရင် တိုက်စစ်မှာ ရွေးချယ်စရာတွေများလာပါလိမ့်မယ်"

"သူက အရည်အသွေးမြင့်ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အတွက် ရွေးချယ်စရာတွေ ပိုများလာစေမှာပါ။ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေကို ခင်ဗျားတို့အားလုံး သိကြမှာပါ။ ကျွန်တော်တို့က တခြားကလပ်တွေလို ပေါင်သန်းပေါင်း ရာနဲ့ချီ မသုံးနိုင်တဲ့အတွက် ကစားသမားခေါ်ယူမှုမှာ တော်တော်လေး ပါးနပ်ဖို့ လိုပါတယ်။ အရင်ကတော့ လူငယ်တွေကို အခွင့်အရေးပေးဖို့က အသင်းအတွက် အကောင်းဆုံး ဖြစ်ခဲ့ပေမဲ့ အခုတော့ အတွေ့အကြုံရှိပြီး အဆင့်မြင့်တဲ့ တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရနေပါပြီ။ သူသာ ရောက်လာရင် ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ပျော်ရွှင်မိမှာပါ" လို့ပြောကြားခဲ့ပါတယ်။