The network connection is lost.

Banner Image

ဘောလုံးလောက ရွှေခေတ်ကိုရောက်ရှိလာခဲ့ပြီလို့ ပြောကြားလိုက်တဲ့ အင်ဖန်တီနို

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဂျီယန်နီအင်ဖန်တီနိုက ချဲလ်ဆီးနဲ့ပီအက်စ်ဂျီတို့ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီမှာ ဘောလုံးလောကဟာ ရွှေခေတ်ကိုရောက်ရှိလာခဲ့ပြီလို့ ပြောကြားလာခဲ့ပါတယ်။ အင်ဖန်တီနိုက ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံးဘောလုံးအသင်း ၃၂ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အအောင်မြင်ဆုံးပြိုင်ပွဲဖြစ်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အင်ဖန်တီနိုက "ကလပ်ဘောလုံးလောကရဲ့ ရွှေခေတ်က အခုပဲစတင်ပါပြီ။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ကြီးကြီးမားမားအောင်မြင်ခဲ့တယ်လို့ ကျွန်တော်တို့သေချာပေါက်ပြောနိုင်ပါတယ်"

"ကျွန်တော်တို့ကြားထားတာကတော့ ဒီပြိုင်ပွဲက စီးပွားရေးအရတွက်ခြေမကိုက်ဘူးလို့ဆိုပေမယ့် စုစုပေါင်းယှဉ်ပြိုင်ခဲ့တဲ့ ၆၃ ပွဲကနေ အမြတ်ငွေ ဒေါ်လာ ၂.၁ ဘီလီယံအထိ ရရှိခဲ့ပါတယ်။ ဒါကြောင့် တစ်ပွဲကို ဒေါ်လာ ၃၃ သန်းအထိရရှိခဲ့တာပါ။ ဒီလိုပမာဏမျိုး ကမ္ဘာပေါ်မှာ ဘယ်ပြိုင်ပွဲကမှ မရှာဖွေနိုင်ခဲ့ပါဘူး"
"ကလပ်ကမ္ဘာ့ဖလားက အရင်ကတည်းက ကမ္ဘာ့အအောင်မြင်ဆုံးပြိုင်ပွဲဖြစ်ပြီးသားပါ" လို့ပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း တစ်ဖက်မှာလည်း ယခုလိုကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆန့်ကျင်သူတွေရှိနေပြီး လီဗာပူးနည်းပြဟောင်း ယာဂင်ကလော့ပ်ကဆို ဘောလုံးသမိုင်းတစ်လျှောက် အဆိုးဝါးဆုံးပြိုင်ပွဲဖြစ်တယ်လို့ပါ ဝေဖန်ထားတာဖြစ်ပါတယ်။ 

အင်ဖန်တီနိုကတော့ "ကျွန်တော်တို့ ဒီပြိုင်ပွဲကို ဥရောပမှာကျင်းပနေတဲ့ပြိုင်ပွဲတွေနဲ့ နှိုင်းယှဉ်ကြည့်လို့မရပါဘူး။ ဒီကိုလာပြိုင်တဲ့အသင်းတိုင်းက ပျော်ပျော်ရွှင်ရွှင်လာပြိုင်ကြတာပါ။ ဒီပြိုင်ပွဲဝင်ခွင့်မရတဲ့အသင်းတွေကတော့ အရည်အသွေးမပြည့်မီလို့ပါပဲ။ ကျွန်တော် ဒီပြိုင်ပွဲမှာ လီဗာပူး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာ၊ တော့တင်ဟမ်၊ အေစီမီလန်နဲ့ နာပိုလီတို့လိုအသင်းတွေကိုပါစေချင်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲရဲ့စည်းကမ်းအရ အရည်အသွေးပြည့်မီမှသာ ပြိုင်လို့ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့် ၂၀၂၉ ခုနှစ်မှ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အင်ဖန်တီနိုက ၂ နှစ် ၁ ခါကျင်းပသွားမလားဆိုတဲ့မေးခွန်းတွေကိုပြန်လည်ငြင်းဆိုထားပါတယ်။