The network connection is lost.

Banner Image

မာယော့ကာအသင်းနဲ့ ပွဲစဉ်တွင် ဘာစီလိုနာအတွက် သရေ ၁ မှတ်ရယူပေးနိုင်ခဲ့တဲ့ ဖာမင်းလိုပက်ဇ်

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းနဲ့ မာယော့ကာအသင်းတို့ အင်္ဂါနေ့ညတွင် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ၂ဂိုး - ၂ ဂိုး သရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ယခုနှစ်ဘောလုံးရာသီတွင် ပွဲထွက်ကစားခွင့် နည်းပါးနေတဲ့ အကယ်ဒမီထွက်ကစားသမား ဖာမင်းလိုပက်ဇ်က ကတ္တလန်အခြေစိုက်ကလပ်အတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူကာ သရေ ၁ မှတ်ရစေခဲ့တာပဲ ဖြစ်ပါတယ်။

လိုပက်ဇ်အနေဖြင့် စီနီယာကစားသမားဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား ပက်ဒရီဒဏ်ရာ ရနေချိန်မှာ နည်းပြ ဇာဗီအတွက် အခြားရွေးချယ်စရာ ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ပွဲထွက်ကစားခွင့်ရလာနိုင်တဲ့အကြောင်း အစောပိုင်းကာလတွင် သုံးသပ်မှုတွေပြုလုပ်ထားကြပေမဲ့ အမှန်တကယ် ပွဲထွက်ကစားခွင့် နည်းပါးနေခဲ့တာပဲ ဖြစ်ပါတယ်။

ပက်ဒရီ ဒဏ်ရာရနေချိန်တွင် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလို့ရနိုင်တဲ့ လိုပက်ဇ်ကို ဘာစီလိုနာအသင်းက၂၀၂၈ ခုနှစ် ဇွန်လ ၃၀ရက်နေ့အထိ စာချုပ်သက်တမ်းရန် ကစားသမားနဲ့ ကလပ်အသင်းအကြား သဘောတူညီမှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးမြှင့်ထားတဲ့ လိုပက်ဇ်အနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်တွင် ကစားခွင့်ရခဲ့တဲ့ ပွဲကစားချိန် ၃၂ မိနစ်မျှသာ ကတ္တလန်ကလပ်အသင်းအတွက် ပါဝင်ကစားပေးခွင့်ရထားတာ ဖြစ်ပါတယ်။


ဘာစီလိုနာအသင်းက ပွဲစဉ်တွေဆက်တိုက်ကစားရချိန်မှာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေကို ထိန်းထားနိုင်ရန် အဓိကကစားသမားအချို့အား ချန်လှပ်ကာ မာယော့ကာအသင်းကို ယှဉ်ပြိုင်ကစားခဲ့တာကြောင့် ပွဲအစပိုင်းမှာကတည်းက ရုန်းကန်ခဲ့ရပြီး ချေပဂိုးတွေ သွင်းယူနိုင်ခဲ့လို့သာ ၂ဂိုး - ၂ဂိုး သရေရလဒ် ဖော်ဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက လာမယ့် သောကြာနေ့တွင် လာလီဂါပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ကြားရက်တွင် ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်ကို ကစားရမှာပဲ ဖြစ်ပါတယ်။